အချစ်စစ် (အပိုင်း၁၇part2)

4K 229 8
                                    

  Unicode

လွမ်းတယ်ဆိုတဲ့ခံစားချက်ကို တကယ်မကြိုက်ဘူးမင်းကအမြဲငါမကြိုက်တဲ့အရာတွေလုပ်တယ်အခုလည်းမင်းကြောင့်ငါလွမ်းနေရပြီ...
မင်းကမှငါ့ကိုနှိပ်စက်နေတာ...

မင်းကတော့သံယောဇဥ်တွေလွယ်လွယ်နဲ့ဖြတ်ပြီးငါ့ဆီကထွက်သွားပြီ
ငါကတော့သံယောဇဥ်မပြတ်နိုင်လို့မင်းကိုလွမ်းနေရတယ်

ရှောင်ကျန့်ဆိုတဲ့လူသားကသူ့စိတ်တိုင်းကျဘယ်တော့မှမဖြစ်လာတဲ့သူ...

ရှောင်ကျန့်ကိုရှာမတွေ့တာတစ်လတောင်ရှိတော့မည်တစ်လဆိုတဲ့အချိန်အတိုင်းအတာကိုပူဆွေးခြင်းလွမ်းခြင်းတွေနှင့်သာဖြတ်ကျော်ခဲ့ရသည်
သူအမှန်တကယ်ကိုရှောင်ကျန့်ကိုလွမ်းပါသည်
ရှောင်ကျန့်ကိုချစ်ကြောင်းများတဖွဖွပြောပြီးချော့ချင်သေးသည်...

သို့ပေမယ့်သူ့ဆီသို့ထိုမျှလောက်သောအခွင့်အရေးပင်မရောက်ရှိလာ....
လူပျောက်ကြော်ငြာတွေတောင်ထည့်ပြီးရှာလည်းမထူးခြား

ဖုန်းတွေကလည်းအမြဲအလိမ်အညာနှင့်သာဆက်သွယ်လာကြသည်

မျှော်လင့်စောင့်စားနေတယ်တဲ့လေဇာတ်ကားမှာပဲကြားဖူးခဲ့တာသူ့ဘဝကပြီးပြည့်စုံခဲ့သည်မို့
လူတိုင်းကိုအထက်စီးကပဲဆက်ဆံပြီးလေသံမာမာနဲ့ဆက်ဆံနေသူကအခုတော့ထိုသူကိုတွေ့၍ဆက်သွယ်လာသည်လားဆိုပြီးမျှော်လင့်ချက်များနဲ့အလိမ်ခံရပေါင်းများလည်းထပ်ပြီးဆက်သွယ်လာသူကိုအားကိုးတကြီးနဲ့ပြောဆိုနေရသည်..

လောကကြီးကသိပ်ကိုထူးခြားဆန်းကျယ်လှပါသည် ...

နောက်ဆုံးတော့ရိပေါ်လည်းအရင်ဦးတည်ချက်ဖြစ်တဲ့ရှောင်းသခင်မကြီးဆီကိုပဲဖုန်းဆက်၍ထပ်မေးမိပြန်သည်...

"အန်တီရှောင်ကျန့်မရောက်လာဝူးလား"

"မ..ရောက်လာဝူးသား.."

"အော်ဟုတ်ရောက်ရင်ပြောပါနော်...."
"အေအေသားလေးကျေးဇူးတင်ပါတယ်ကွယ်အန်တီ့သားကိုအဲ့လောက်ကြိုးစားပန်းစားကူရှာပေးလို့

သားရယ်.....အန်တီလည်းသားတို့၂ယောက်ကိုကြည့်ပြီးမခံစားနိုင်တော့ဝူးသားရယ်ရင်တွေနာလိုက်တာ...သားနောင်တမရအောင်ပြောပြလိုက်မှပဲဖြစ်မယ်ကျန့်ကျန့်သားလေးရယ်....မေမေကတိမတည်တော့ဝူးနော်မင်းတို့နာကျင်တာကိုကြည့်နေရတာ...မေမေ့ရင်တွေအောင့်တယ်
မေမေ့ကိုခွင့်လွှတ်ပါ....မေမေကတိဖျက်ပါရစေ
သားငယ်.....

အချစ်စစ်(Yizhan version)Where stories live. Discover now