အချစ်စစ် (အပိုင်း၂၇)

3K 270 18
                                    

Unicode

ရိပေါ်စာကြည့်တိုက်ထဲထိဝှီးချဲလေးကိုတွန်းကာ
ရှောင်ကျန့်ကိုပြတင်းပေါက်နှင့်နီးသောထိုင်ခုံနားတွင်ရပ်လိုက်ကာ

"ကိုယ်လေအရာအားလုံးမှတ်မိသေးတယ်...မင်းနဲ့စတွေ့တဲ့အချိန်တုန်းကမိုးတွေသည်းလိုက်တာဆိုတာ မင်းကလည်းရှေ့မကြည့်ပဲပြေးလာတာလေ ကိုယ့်ကိုတိုက်မိတော့လည်းကြောင်ကြည့်နေသေးတာလေးကအစ အခုမှစဥ်းစားမိတယ်အဲ့တုန်းကမျက်မှန်လေးနဲ့ပါ အခုမျက်မှန်လည်းမတပ်တော့ပါလား"

ကလေးကပြန်မပြောဘဲငြိမ်နေစဲ

"အဲ့တုန်းကမျက်မှန်လေးနဲ့တော်တော်အသည်းယားဖို့ကောင်းတာကို ပြီးတော့ ဒီပြတင်းပေါက်နား နဲ့ဒီထိုင်ခုံက ကလေးထိုင်နေကြနေရာလေးလေ ..."

လို့ပြောပြီး ရှောင်ကျန့်ရှေ့ကထိုင်ခုံမှထိုင်ကာကလေးမျက်နှာကိုကြည့်တော့မျက်လုံးလေးအဝိုင်းသားနှင့်..

"ကဲမှန်းကြည့်ရအောင်ညနေဘက်လေးတွေမှာလည်းစာကြည့်တိုက်လာပြီးစာအုပ်ဖတ်တတ်သေးတယ်.. စာအုပ်နာမည်က..Me Before You..တဲ့ ကလေးကိုကျိုးချန်အရေးကြီးလို့လားမသိခေါ်သွားတဲ့အဲ့နေ့ကစာအုပ်တွေကမန်းကတန်းသိမ်းပြီးကျန်ခဲ့တဲ့စာအုပ်လေး ကိုယ်ပိုင်ရှင်ဆီပြန်အပ်ပါရစေနော် "
ဆိုကာစာအုပ်ကိုရှောင်ကျန့်ဆီသို့ပေးသည်

ရှောင်ကျန့်လည်းစာအုပ်ကိုယူကာ...နှစ်ကိုယ်ကြားရလောက်သောအသံလေးနှင့်

"ဘယ်လိုသိလဲ.."
"ဘာကိုလဲ ...စာကြည့်တိုက်မှာကိုယ့်ကိုလာချောင်းတဲ့အကြောင်းလား? "
" သိတယ်ပေါ့..အဲ့တုန်းက"
"အစကတော့ မရိပ်မိပေမယ့် နောက်ပိုင်းမင်းကိုဒီနေရာလေးမှာအမြဲမြင်တယ်လေ..ပြီးတော့စာမေးပွဲနီးလို့စာတွေလုပ်ရင်းအိပ်ပျော်သွားတိုင်း
ကိုယ်မင်းနားလာထိုင်ဖူးတယ်"

လွန်ခဲ့သော ၇နှစ်ခန့်က

"ကျိုးချန် ဒီနေ့တော့စာကြည့်တိုက်သွားရအောင်နော် "
"မင်းကလည်းစာကြည့်တိုက်ကိုသွားရအောင်စာမေးပွဲလည်းမဟုတ်"
"လုပ်ပါကွာ အကိုက အဲ့ပြတင်းပေါက်နားကထိုင်ခုံမှာအမြဲထိုင်ပြီးသီချင်းနားထောင်တယ် နော်နော် ကျိုးချန်နော် "
"မင်းကလည်းဆေးမမှီတော့ပါလား ပြီးရော ငါလိုက်ပေးမယ် "
"ဟီးကျေးဇူး"

အချစ်စစ်(Yizhan version)Where stories live. Discover now