Unicode
မုန်တိုင်းပြီးရင်သက်တန့်လာတတ်သလို
အမုန်းတွေပြီးရင်လည်းအချစ်လာတတ်တယ်လိုတော့တထစ်ချမပြောနိုင်ပါဘူး
အမုန်းတွေပြီးရင် လျစ်လျူရှုပြီးမေ့လိုက်ခြင်းရယ်ချစ်ခြင်းမေတ္တာသံယောဇဥ်တွေရယ်ဆိုပြီးရွေးချယ်ရာ၂လမ်းပေါ်လာတတ်တယ်..အရာရာဟာကိုယ့်ရဲ့ရွေးချယ်မှုပေါ်မှာပဲမူတည်နေတတ်တယ်..
ငယ်စဥ်အခါကမသိတတ်လို့မှားတာကအပြစ်မရှိပေမယ့်
ကြီးလာပြီးရင့်ကျက်လာတဲ့အချိန်မှာတော့မမှားတာကအကောင်းဆုံးဖြစ်သွားတတ်တယ်ဒဏ်ရာတွေကကျက်သွားတတ်ပေမယ့်စိတ်ဒဏ်ရာကတော့ရင်ထဲသည်းထဲစွဲနေတတ်တယ်
စိတ်ဒဏ်ရာကတသက်လုံးမပျောက်နိုင်ဘူး
ဒါမဲ့ပျော်ရွှင်စရာအမှတ်တရတွေများလာရင်တော့အဲ့စိတ်ဒဏ်ရာကိုမရှိခဲ့သလိုထားလို့ရလာတတ်တယ်..
ဘဝကဒီလိုပဲ သူ့အကြောင်းနဲ့သူ သူ့ဘဝနဲ့သူ သူ့ကံနဲ့သူရင့်ကျက်ရတာလည်းပင်ပန်းတယ်တခါတလေတော့လည်းမှားမှန်းသိရက်နဲ့အဲ့လမ်းကိုပဲလျှောက်ချင်တတ်ပြန်ရော စိတ်ဆိုတဲ့အရာကလည်းထိန်းချုပ်မရတဲ့အရာ အချစ်ဆိုတာကလည်းထိန်းချုပ်မရစကားနားမထောင်တဲ့အရာ...
"ဘာတွေများတွေးဝေးနေတာတုန်း"
မပြောင်းလဲသွားသော
အမြဲရင်တွင်နေရာယူထားသော
သြရှရှအသံပိုင်ရှင်ကဆိုသည်..လေပြေလေးညှင်းတွေဟာအေးစိမ့်လျက်လှိုင်းသံတို့ကလည်းပတ်ဝန်းကျင်ကိုစိုးမိုးမိုးလျက်ကောင်းကင်ကြီးဟာလည်းညနေခင်းမို့ရောင်ချယ်များစုံလင်လျက်..
ထိုသူဟာလည်းကျွန်တော့်အနားသို့တလှမ်းချင်းလျှောက်လ်ို့လာသည်
တွေးဝေနေသောထိုအတွေးတို့ကရပ်တန့်ကာအသံပိုင်ရှင်ဘက်သို့မျက်နှာမူရင်း..
"ဘယ်လိုရောက်လာတာလည်း"
"ကလေးဘယ်နေရာရောက်ရောက် ကိုယ်ရအောင်ရှာနိုင်တဲ့အစွမ်းက်ိုကိုယ်ပိုင်ထားလို့ဖြစ်မှာပေါ့""အပိုတွေသိပ်ပြောရတာဝါသနာပါလာသလိုပဲ"
ထိုသို့ပြောလိုက်တော့ကိုကိုကအနားသို့ကပ်လာကာ
"လက်ဖြန့်"
"ဖြန့်ဘူး"
ကိုကိုကကျွန်တော့်လက်ကိုဆွဲယူလိုက်ကာလက်ဖဝါးကိုကြည့်ရင်း
"ဖြန့်မလာမဖြန့်ဘူးလား နောက်တစ်ခေါက်မေးမယ်"
YOU ARE READING
အချစ်စစ်(Yizhan version)
Fanfiction"ကိုကို႔ကိုအျပစ္မတင္ပါဘူး... ဖူးစာမပါတဲ့ကံတရားႀကီးကိုပဲအျပစ္တင္ပါ့မယ္" :Xz "ကိုကို့ကိုအပြစ်မတင်ပါဘူး... ဖူးစာမပါတဲ့ကံတရားကြီးကိုပဲအပြစ်တင်ပါ့မယ်" :Xz