အချစ်စစ်(အပိုင်း၃၀)

3.3K 195 10
                                    


Unicode

သင်းပျံ့သောရနံ့တစ်ခု...
ပန်းရနံ့လေးတစ်ခု
ငွေထည်ပန်းအိုးကနေတဆင့်လေထဲတွင်ပျံနှံ့လျက်...
အခန်းထဲရှိပန်းအိုးတွင်နှင်းဆီဖြူများကအပြည့်နေရာယူထားသည် ...

ထိုနှင်းဆီပန်းတို့ကလည်းသူ့အတွက်တော့စုဆောင်းမှုလေးတစ်ခုလိုဖြစ်နေပြီ  .

ဆေးရုံကဆင်းသည်နှင့်အိမ်ခွဲပြီးနေရန်သာဆုံးဖြတ်လိုက်သည်..
ကျွန်တော့်အတွက်အချိန်လိုသည်ဟုခံစားရ၍..
ဒါမဲ့ကိုကိုကအမြဲကျွန်တော်ဘယ်လောက်ငြင်းငြင်းလိုက်ပြီးဂရုစိုက်ပေးသည်လေ့ကျင့်ခန်းများကူလုပ်ပေးသည်အဝေးကိုဘယ်လောက်ပင်တွန်းပို့နေပါစေအနားကနေအမြဲရှိပေးပြီးကြင်နာမှုများပေးသည်..

သွားချင်သည့်နေရာရှိလျှင်လည်းလိုက်မပို့ရန်တားမြစ်သော်လည်းအတင်းလိုက်ပို့သည်မို့..
နောက်ပိုင်းတော့မငြင်းမိတော့..
အသားကျလာသည်..ကြိတ်ကြည်နူးမိသည်ဆို၍လည်းရသည်မို့..

တစ်နေရာရာသို့လိုက်ပို့ပေးတိုင်းလည်းအမြဲနှင်းဆီဖြူတစ်ပွင့်ချင်းစီပေးသည်..
စစပိုင်းတွင်လက်မခံသော်လည်းနောက်ပိုင်းတော့မတားတော့သလိုငြင်းဖို့လည်းစိတ်ကူးမရှိတော့..နှင်းဆီပေးသည့်လူကကိုကိုဖြစ်နေလို့ကြည်နူးရသည်

အေးစက်သောသူ့မျက်ဝန်းတစ်စုံကလည်းနွေးထွေးကြင်နာသည့်မေတ္တာသက်ဝင်နေသောမျက်ဝန်းများနှင့်အစားထိုးသွားပြီမို့..

သူလိုချင်ခဲ့သောအချိန်လေးအခိုက်အတန့်လေးတွေကအမှန်တကယ်လက်တွေ့လောကမှာဖြစ်လာတော့လည်းအိပ်မက်တစ်ခုအဖြစ်ပျောက်ကွယ်သွားမှာစိုးရိမ်ရပြန်သည်..

ခဏတဖြုတ်အတွင်းထိုအချိန်/သူ့မျက်ဝန်း/နှင်းဆီဖြူ/ကြည်နူးရိပ်လေး/အချစ်ရိပ်လေး..
အရာအားလုံးကပြီးဆုံးသွားမှာကြာကြာမခံမှာကြောက်ရွံ့မိသည်..

ကိုကို့ကိုသူသိပ်ချစ်ပါသည်..
ကိုကို့ကိုလက်ခံပြီးမှဆုံးရှုံးသွားရင်လည်းသူရင်ကွဲလို့ဆုံးမည်မဟုတ်..အတွေးကမ္ဘာထဲမှာရစ်မူးနေခဲ့သည်မှာလည်းလနှင့်ချီကြာမြင့်ခဲ့ပြီ

အချစ်စစ်(Yizhan version)Where stories live. Discover now