Unicodeအဲ့ကောင်လေးနဲ့စကားပြောပြီးကိုယ့်အခန်းထဲပဲကိုယ်ဝင်လာဖြစ်တော့တယ်....သူနဲ့စကားပြောတာကြာလာရင်လည်းသူနာကျင်မယ့်စကားတွေပဲပြောမိမှာမို့...အမြန်သာအခန်းပြင်ထွက်လာဖြစ်တော့တယ်..သူ့ကိုကိုယ့်ဘက်ကဒီလောက်ထိစိတ်ယိုင်နေပြီးချစ်တဲ့စိတ်တွေတိုးပွားလာတော့ဘာလုပ်သင့်လဲ....ရုတ်တရက်
ကြီးကိုယ်လုပ်ခဲ့တဲ့အရာအားလုံးကိုပြောင်းလဲပစ်ရအောင်လည်း..အဆင်ပြေတော့မှာလဲမဟုတ်တော့.....ဘာလုပ်ရမလဲ.....တကယ်ဘာလုပ်သင့်လဲ...မုန်းတယ်ဆိုတဲ့အမုန်းကလည်းရင်ထဲမှာအမြစ်တွယ်နေတယ်...သူ့ကိုနာကျင်အောင်လုပ်မိတိုင်းလည်းမုန်းပါတယ်ဆိုပြီးနာကျင်အောင်လုပ်တဲ့ကိုယ်ကိုတိုင်ကလည်းရင်တွေအနာခံနေရတယ်.......နောင်တတွေမရပါဘူးလို့အော်ဟစ်လာတဲ့ဒီလူကလည်းသူ့ကြောင့်နောင်တရလာသလို....ဒီရက်ပိုင်းအတွင်းလည်းသူ့ကိုစကားမပြောဖြစ်သလိုသူကလည်းကိုယ့်ကိုရှောင်နေတယ်..တစ်အိမ်ထဲအတူနေဖြစ်တောင်ကိုယ့်ကိုရှောင်နေတဲ့သူ့ကိုလည်းအပြစ်မပြောဖြစ်တော့...ဟင်း း း
""""""""""""""""""""""""""""""""""""""
နောက်တစ်နေ့ရိပေါ်လည်းအလုပ်ပြီးသွားစဥ်တွင်minaဆီမှဖုန်းဆက်လာသည်
"အေဝမ်ရိပေါ်...နင်အားလား"
"အားတယ်ဘာလဲ"
"yubinရဲ့ကွန်ဒိုဆီလာခဲ့ပြောစရာလေးရှိလို့"
"အင်း..လာခဲ့မယ်"ကွန်ဒိုသို့ရောက်တော့..
"လာဝင်"
"အင်း.."
ဝင်သွားတော့sofaပေါ်တွင်မျက်နှာမကောင်းစွာထိုင်နေသောminaနှင့်အနောက်ကyubin"minaနင်ဘာဖြစ်လို့လဲ"
ဟုဆိုကာမျက်နှာချင်းဆိုင်sofaမှာထိုင်ရင်းမေးလိုက်သည်
ထိုအခါဘေးနားမှာထိုင်သောyubinလည်းမျက်နှာညိုးသွားသည်...နောက်မှminaက"ဟို..ဒီနေ့ညနေခင်း...ငါတို့ဟွမ်ရမ်ဆီသွားလည်မလို့...သူငါတို့ကိုထားခဲ့တာ၃နှစ်ပြည့်ပြီလေ"
ရိပေါ်တစ်ယောက်ကြားလိုက်ရသောစကားကြောင့်ခဏငြိမ်သက်သွားသည်...
ဟုတ်သားပဲ..ဒီနေ့လိုအရေးကြီးနေ့ကိုတောင်မေ့နေခဲ့မိသည်... သူသူငယ်ချင်းကောင်းမပီသလိုက်တာ... ကိုယ့်တာဝန်ကိုမကျေခဲ့ပဲ...ကိုယ့်သူငယ်ချင်းကိုသတ်ခဲ့သောသူကိုမှရူးမိုက်စွာချစ်နေပြီးဂရုစိုက်ပေးနေခဲ့မိတာ...
YOU ARE READING
အချစ်စစ်(Yizhan version)
Fanfiction"ကိုကို႔ကိုအျပစ္မတင္ပါဘူး... ဖူးစာမပါတဲ့ကံတရားႀကီးကိုပဲအျပစ္တင္ပါ့မယ္" :Xz "ကိုကို့ကိုအပြစ်မတင်ပါဘူး... ဖူးစာမပါတဲ့ကံတရားကြီးကိုပဲအပြစ်တင်ပါ့မယ်" :Xz