အချစ်စစ်(အပိုင်း၁၄)

4.2K 245 20
                                    


Unicode

အဲ့နေ့ပြီးကတည်းကကျနော်တို့နှစ်ယောက်...
သိပ်စကားမပြောဖြစ်သလိုတစ်ယောက်နဲ့တစ်ယောက်မျက်နှာချင်းဆိုင်မိတိုင်းမမြင်ချင်ယောင်ဆောင်ပြီးတစ်ယောက်ကိုတစ်ယောက်ကျောခိုင်းသွားကြတယ်

.ဒီရက်ပိုင်းအတွင်းကျနော်လည်းပိုပြီးသက်သာလာပြီးနေကောင်းသွားပြီလို့တောင်ပြောလို့ရတော့မယ်ထင်တယ်...သူလည်းအဲ့နေ့ကတည်းကကျနော်သူ့ကိုရှောင်နေလည်းသူဘာမှမပြောလဲနေလာတာအခုဆိုရင်တော့၅ရက်လောက်ရှိပြီ.....

ခါတိုင်းလိုပဲအိမ်သန့်ရှင်းရေးလုပ်...ထမင်းချက်ပြီး..ကျနော်ကကိုယ့်အခန်းထဲကိုယ်ဝင်..သူကလည်းမနက်စာနဲ့နေ့လည်စာတော့တခါတလေစားပြီးညဘက်တော့အလုပ်ကနေအပြင်မှာပဲဝယ်စားပြီးမှအိမ်ပြန်လာတယ်....

ဒီနေ့လည်းသူအလုပ်သွားတုန်းအိမ်မှာတစ်ယောက်တည်းခါတိုင်းလိုပဲကျန်ခဲ့ပြီးအပြင်ကမိုးရာသီကုန်ခါနီးပြီမို့လားမသိ..
သည်းသည်းထန်ထန်ရွာနေတဲ့မိုးတွေကိုသူ့အခန်းပြတင်းပေါက်နားတွင်ထိုင်ကာငေးကြည့်နေမိတယ်...မိုးကိုသိပ်ကြိုက်တာပဲ...မိုးရေစက်လေးတွေကသိပ်လှတယ်...မိုးရွာရင်တိုက်တဲ့လေအေးလေးတွေကိုလည်းနှစ်သက်တယ်..... မိုးကြောင့်လည်းကိုကိုနဲ့ဆုံစည်းခဲ့တာမို့...မိုးကိုနှစ်ဆပိုကြိုက်တယ် .....

"""""""""""""""""""""""""""""""""""""""""

လွန်ခဲ့သော၇နှစ်ခန့်ကပေကျင်းမြို့ရှိညနေခင်းတစ်ခင်းတွင်အထက်တန်းကျောင်းတစ်ကျောင်း၌ကျောင်းဝတ်စုံလေးနဲ့အတူမျက်မှန်ကိုတဲွဖက်ဝတ်ဆင်ထားသောကောင်လေးတစ်ယောက်စာကြည့်တိုက်ဆောင်ရှေ့တွင်စာအုပ်လေးများကိုလက်တွင်ကျစ်ကျစ်ပိုက်နေကာသည်းထန်စွာရွာသွန်းနေသောမိုးကိုငေးကြည့်နေသည်

ထိုကောင်လေးသည်မိုးသည်းထန်စွာရွာနေသည့်ဤကနေ့မှထီးလည်းမေ့တိုက်တိုက်ဆိုင်ဆိုင်သူငယ်ချင်းကလည်းနေမကောင်း၍ကျောင်းမလာတော့ခက်ပါသည်..

မိုးရွာပြီးသည်အထိစောင့်လျှင်လည်းမိုးချုပ်သွားအုန်းမည်..ဘာလုပ်ရမလဲမသိစောင့်နေရင်းမှအိမ်ကdriverဦးလေးကြီးဆီမှဖုန်းဆက်လာသည်..လာကြိုပြီကြောင်း...အထဲထိလည်းလာကြိုနေရင်ဝေးတာမို့မထူးဇာတ်ခင်းမိုးရေထဲပြေးရန်သာကြံစည်လိုက်တော့သည်...

အချစ်စစ်(Yizhan version)Where stories live. Discover now