အချစ်စစ်(အပိုင်း၁၉)

4.2K 260 26
                                    

Unicode

ဆေးရုံဆိုတဲ့နေရာကတကယ်ကိုမွန်းကြပ်ဖို့ကောင်းလွန်းတယ်..သူဟိုနေ့ကစကားကြားပြီးအားပြတ်သွား၍ဆေးရုံမှာတစ်ပတ်နီးပါးအချိန်ကုန်ဆုံးလိုက်ရတယ်...ဆေးရုံမှာရောက်တာမကြာပေမယ့်ဆေးသောက်ရတာတော့တကယ်ငြီးငွေ့နေမိပြီ....

"မင်းရောဂါမွေးနေတာကဘာလဲ..အော်သိပြီ...ဟက်..ငါ့ဆီကဂရုစိုက်မှုတွေလိုချင်လို့လား???"
..
.

."မင်းကဒီလမ်းရွေးခဲ့တာပဲ ငါ့အဆိုးမဆိုနဲ့..."

.
.အဲ့တုန်းကသူ့ရဲ့မျက်ဝန်းတွေထဲမှအံ့သြပြီးနာကျင်မှုတွေကိုအတိုင်းသားမြင်နေရတယ်.
..ပြီးတော့မျက်ရည်စတွေဝဲနေတဲ့သူ့မျက်ဝန်း..
.အရာရာအားလုံးဟာကိုယ့်ရဲ့တဖက်သတ်အတ္တတွေကြောင့်...

ကိုယ်တောင်တပတ်စာပဲရှိတဲ့ဆေးတွေသောက်ရတာငြီးငွေ့တာငယ်ငယ်ကတည်းကသောက်လာရတဲ့သူကပိုငြီးငွေ့ခဲ့မှာပေါ့....

ရိပေါ်တစ်ယောက်ကုတင်ပေါ်ကနေပြတင်းပေါက်မှလေကြောင့်လွင့်နေသောလိုက်ကာစကိုငေးနေသည်

ဆောင်းရာသီညနေခင်းမို့အေးစိမ့်နေသောလေအေးများကလည်းပြတင်းပေါက်မှတဆင့်တိုးဝှေ့ကာသူ့မျက်နှာကိုလာကျီစယ်နေသယောင်...

လိုက်ကာစကိုငေးကာအရင်ကလုပ်ခဲ့သည်များကိုပြန်တွေးကာသူ့မျက်နှာတွင်မျက်ရည်စများစိုစွတ်လာသည်ကိုတောင်သတိထားမိမည်မထင်

###########################

"သားအဆင်သင့်ဖြစ်ပြီလား"

"ဟုတ်"

"အဝတ်ကောသက်သောင့်သက်သာရှိရဲ့လားခေ့င်းမူးနေသေးလားဘယ်နေရာတွေကောနာလဲ"

"မေမေရယ်နားပြီးမေးပါအုန်း အကုန်အဆင်ပြေပါတယ်ဗျာ"

"အင်း..ပြီးရော.."

ဒီနေ့ကရိပေါ်ဆေးရုံကဆင်းတဲ့နေ့ဖြစ်ပြီးဝမ်သခင်မကြီးကပြန်ခါနီးသူ့သားလေးဝမ်ရိပေါ်ကိုမိခင်တစ်ယောက်ပီပီစိုးရိမ်နေခြင်းသာဖြစ်သည်

ရိပေါ်ကရှုပ်ရှုပ်ယှက်ယှက်များမကြိုက်၍ဝမ်သခင်မကြီးကိုယ်တိုင်ကားနှင့်လာကြိုပြီးနှစ်ယောက်တည်းအတူပြန်ရန်သာစီစဥ်ထားခြင်းဖြစ်လေသည်...

အချစ်စစ်(Yizhan version)Where stories live. Discover now