Remember me 1

1.1K 145 52
                                    

[Unicode]

"ကျော်ဆွေ၊ မော်‌နွေနှင့် သော်ဝေတို့၏ ချောင်းသာကမ်းခြေရောက် အမှတ်တရ ၁.၄.၁၉၇၅"

"ဒါ တီဝေပုံပေါ့။ ဟုတ်လား တီဝေ"

အဘိုးဖြစ်သူ ချီထားသော ကလေးသေးသေးလေး။ ဂါ၀န်အဝါလေးကို ၀တ်လျက် မပြုံးမရယ် အမူအရာနှင့် ဖြစ်သည်။

"ဟုတ်တယ် ဒါက တီဝေ။ ‌မနွေကိုကြည့်။ အဲ့ကတည်းက သူက ပဲများများရယ်"

ဘယ်ဘက်ထောင့်စွန်း၌ ရပ်နေသည့် ကလေးတစ်ယောက်ကို ညွှန်ပြပြီး တီဝေက ဆိုသည်။ မြက်ခမောက်ကို ဆောင်းထားသဖြင့် အမျှင်များက မျက်နှာပေါ် အနည်းငယ် ကျနေ၏။

"အမယ် လတ်ကလေး...။ မင့်တီဝေကို ကြည့်။ သူ့ဆံညှပ်ကို မမြင်မှာစိုးလို့ ခေါင်းကို သက်သက် မော့ထားတာ"

လက်တစ်ဖဝါးခန့်သာ ရှိသော ဓာတ်ပုံကို သုံးယောက်သား ပြူးပြဲကြည့်ကာ ငြင်းခုန်ရင်းမှ သူတို့အိမ်၏ မနက်ခင်းက စတင်ပြန်သည်။

"ကို‌ဆွေ့ကို ကြည့်။ ဒါ ဖေဖေ ၀ယ်ပေးထားတဲ့ အသစ်စက်စက် စတိုင်ဘောင်းဘီ"

ညာဘက်ထောင့်စွန်းမှ ဖေဖေကတော့ မောင်နှမထဲ အသက်အကြီးဆုံးမို့ အရပ် တော်တော် ရှည်နေပြီ ဖြစ်ပြီး ပြုံးပြုံးရွှင်ရွှင်လည်း ရှိသည်။

"သော်ဝေတို့ကတော့နော် ဒါမျိုးကျမှတ်မိတယ်။ ၀က်သားကျ မမှတ်မိဘူး"

ဘွားဘွား၏ စကားထောက်မှုကြောင့် အားလုံးရယ်မိလိုက်ကြလျှင် တီဝေက စိတ်ကောက်သွားတော့သည်။

"မေမေနော် လာပြန်ပြီ။ အဲ့တုန်းက ငယ်သေးလို့ပါဆို"

ကလေးဆန်ဆန် သူ့ဆံပင်‌အဖျားတွေကို လိမ်ကျစ်နေစဉ်မှာပင် အ၀တ်အစား လဲပြီးသော မေမေက အပေါ်ထပ်မှ ဆင်းလာသည်။

"ကဲ ဘယ်သူ ဈေးလိုက်မှာလဲ။ ဝေလား၊ နွေလား"

"ဝေ မလိုက်တော့ဘူး မလွမ်း။ မနေ့ကတည်းက ခြေဆစ်တွေ နာနေလို့"

တီနွေက လိုက်မည်မို့ ထိုင်ရာမှ ထသလို လွမ်းလတ်နောင်ကလည်း တီဝေ့အနား ကူးလာထိုင်သည်။

"တီဝေကလည်း သားကို မပြောဘူး။ သားနှိပ်ပေးမှာပေါ့"

"အပိုတွေ ခင်ဗျားလေးက နှိပ်နေတာလား၊ မုန့်နယ်နေတာလားကို မသဲကွဲဘူး"

အစိမ်းရင့်ရောင် စာမျက်နှာ { Completed }Where stories live. Discover now