Do you wanna save me? 2

803 101 24
                                    

[Unicode]

အိမ်ရှေ့ဘက်တွင် ချထားသော ကြိမ်ကုလားထိုင်ကို ကျောမှီချလိုက်တော့ တကျွီကျွီ မြည်သံက ထွက်လာသည်။ ဘူးရိုးတွေကို တစ်ဖက်တစ်ချက်စီ ချိုးချကာ အခွံ သင်ပြီးသားတွေကို ပေါင်ပေါ်က ဗန်းကလေးထဲသို့ ထည့်လိုက်သည်။

"အစ်ကို ပြီးပြီလား"

စ,စလုပ်တုန်းက အဆင်မပြေသော်လည်း တဖြည်းဖြည်းနဲ့တော့ လုပ်နိုင်လာသလို ရှိလာ၏။ ဒီအတွက် မိုးဝေကို ကျေးဇူးတင်ရမလားပင်။

"ဘူးရိုးတွေတော့ လုပ်ပြီးသွားပြီ။ ကန်စွန်းရွက် ကျန်သေးတယ်။"

"ဓားနဲ့ လုပ်ပါလား အစ်ကို။ လက်သည်းတွေ မည်းလိမ့်မယ်။"

"ဒါပေမဲ့..."

လက်ကို ဆွဲယူကာ ဟန်ချက် ထိန်းပြီး ကန်စွန်းရိုးတွေကို အတူတူ ဖြတ်ပြပေးသည်။ လွယ်ကူသလိုလို ရှိသဖြင့် ရုန်းလိုက်တော့လည်း အလိုက်တသိ လွှတ်ပေးလာ၏။

"ဓားက သိပ်မပြတ်ဘူး အစ်ကိုရဲ့။ လက် မထိအောင် ဖြည်းဖြည်းလေးဖြတ်။ ကျွန်တော် အိုး သွားကြည့်လိုက်ဦးမယ်။"

ခွေးကလေး အရော၀င်မိတာနဲ့ ပါးလျက်၊ နားလျက် ဆိုသလိုပင်။ မိုးဝေက သူ့ကို တစ်နေ့တစ်မျိုး မရိုးရအောင် ခိုင်းသည်။ ကြောက်နေရင်တောင် တဖြည်းဖြည်းနှင့် လုပ်နိုင်လာသည်ကိုတော့ ကျေးဇူးတင်ရမည် ဖြစ်၏။

အရင်တုန်းက သူ့မှာ လုပ်စရာဟူ၍ တစ်နေ၀င် တစ်နေထွက် တိတ်တိတ်ဆိတ်ဆိတ် ထိုင်နေခြင်းသာ ရှိခဲ့သည်။ အခုတော့ ကိုယ့်ကိုယ်ကိုယ် ဆိုင်းဝိုင်းခေါင်းဆောင်ဟုပင် ထင်မိလာသည့် အချိန်မျိုးတွေ ရှိလာ၏။

"အစ်ကို ဒီမှာ ရေခွက်။ လက်ဆေးလိုက်ဦး။ ဒီနေ့ လေမတိုက်ဘူးပဲ။ ကျွန်တော် ယပ်ခပ်ပေးရမလား။"

"ဟင့်အင်း။ ငါ့ကို ယပ်တောင်သာ ယူပေး။"

ပေါင်ပေါ်က ဗန်းကို နံဘေးသို့ ချလိုက်ပြီးချိန်တွင် ထူးထူးဆန်းဆန်း အသံတစ်ခုက ထွက်လာသည်။

"ဒင် ဒင်"

အခန်းထဲက ပြန်ထွက်လာပြီးနောက်တွင် ယပ်တောင်အပြင် တီးစရာ တစ်စုံတစ်ခုပါ ပါလာပုံရ၏။

အစိမ်းရင့်ရောင် စာမျက်နှာ { Completed }Where stories live. Discover now