Extra - 2 (Unicode)

1.4K 100 48
                                    

ဦး၏ မိဘများကို လိုက်ရှာဖို့ အစီအစဉ် ချခြင်းသည် လေထဲ၌ တိုက်အိမ်ဆောက်ခြင်း သက်သက်သာ ဖြစ်သည်။ ကောက်ရိုးပုံထဲမှာ အပ်ပျောက်ရှာတာ သို့မဟုတ် နတ်ပြည်မှ ကျလာသော အပ်နှင့် လူ့ပြည်မှာ ထောင်ထားသော အပ်နှစ်ခု ထိပ်ချင်း ထိတာထက်ပင် ခက်လှသေးသည်။

မနက် သုံးနာရီမှ စ၍ တစ်လမ်းလုံးမှာ တွေ့သမျှ လူကို လွမ်းလတ်နောင် လိုက်မေးသည်။ နာမည်‌၊ ပုံစံနှင့် အရပ် အရာအားလုံးကို စေ့စေ့စပ်စပ် ပြောပြသည်။ သို့သော်လည်း အဖြေကား ထွက်မလာခဲ့။

လမ်းလျှောက်ရ၍ ခြေထောက်တွေက နာလာသည်။ အတွင်းသားတွေမှာ ချွေးတို့ စိုရွဲနေပြီး ကျောပိုးအိတ်ထဲမှ ရေဘူးတို့သည်လည်း တစ်ဘူးပြီး တစ်ဘူး ပြောင်းခဲ့သည်။ ပုပ္ပားတောင်ပေါ်သို့ အခေါက်‌ခေါက် အခါခါ ထပ်သွားသည်။ ဈေးထဲမှာ တစ်ဆိုင်၀င် တစ်ဆိုင်ထွက် လိုက်ရှာသည်။

လမ်းဘေး၌ ခေတ္တ အနားယူနေစဉ်မှာပင် ဖြတ်သွားသော စက်ဘီး၊ ဆိုင်ကယ်၊ ကားမှန်သမျှကို တားဆီးကာ မေးမြန်းဖို့ ၀န်မလေးခဲ့ပါ။

ဆာလောင်နေခဲ့ရင်တောင် စိတ်ထဲမှာ ဦးကသာ ကြီးစိုးနေသည်။ ဦးကို ထပ်မတွေ့ရတော့မှာကို အရမ်းပဲ စိုးရိမ်နေခဲ့ရသည်။ တစ်ရက်၊ တစ်နာရီ၊ တစ်မိနစ်၊ တစ်စက္ကန့်သာ နောက်ကျသွားလျှင် ဦးက ဆပ်ပြာပူဖောင်းလို လေထဲမှာ ပျောက်ကွယ်သွားမည်ဟု သူ့စိတ်က ထင်နေခဲ့သည်။ အိပ်ပျော်နေပြီး အိပ်မက် မက်နေရင်တောင် ထိုအိပ်မက်ထဲမှာ ဦးကို လိုက်ရှာနေတုန်းပင်။

ထို့ကြောင့် ကံတရားက အချစ်ရူး ရူးနေသော လွမ်းလတ်နောင်ကို အခွင့်အရေး ပေးသည့် အနေဖြင့် ပုပ္ပားဈေးထဲသို့ ဆယ်ခေါက်မြောက် ရောက်ချိန်တွင် ဦးသာဦးနှင့် ထပ်မံ တွေ့ဆုံခွင့် ပေးခဲ့ပါ၏။

ယောက္ခမကြီး၏ ဆက်သက် မကြေမှုက တိုင်းဆ၍ မရ။ မျက်နှာပေါ်သို့ ကျရောက်လာသော လက်သီး ထိုးချက်တွေနှင့် အပြစ်တင် စွပ်စွဲချက်တွေအားလုံးဟာ ဓားထက်ထက်နှင့် အသည်းကို ခွဲသလိုပင်။

နာသည်။ အပေါ်ယံက နာသလို သူ့ရင်ထဲကလည်း နာရသည်။ သို့‌သော် အရိုးအရေတွေ တစ်စစီ မကျိုးမပဲ့မချင်း ဦးဆီ သွား၍ ရဦးမည် ဖြစ်သောကြောင့် ခေါင်းမာစွာ တင်းခံဖြစ်ခဲ့သည်။

အစိမ်းရင့်ရောင် စာမျက်နှာ { Completed }Where stories live. Discover now