Say you love me 2

946 121 18
                                    

[Unicode]

"လွှတ် ငါ့ကိုလွှတ်"

"ကိုယ့်ကို ချစ်တယ်လို့ပြော"

"မပြောဘူး"

အကြည့်လွှဲထားသော မျက်နှာလေးကို မေ့စေ့မှ ဆွဲမော့ကာ မြတ်နိုးရသော နှုတ်ခမ်းလေးကို တစ်စိုက်မတ်မတ် နမ်းလိုက်မိသည်။

"ကိုယ့်ကို ချစ်တယ်လို့ပြော"

"..........."

"ဟင်...ကိုယ့်ကို မချစ်ဘူးလား ဦး"

လွမ်းလတ်နောင် ဘယ်လောက်မေးမေး မျက်ရည်တွေ ဝေ့နေသော မျက်နှာလေးက ခေါင်းကိုသာ တွင်တွင်ယမ်းပြနေသည်။ ဘယ်လိုပင် အဖြေထုတ်ပါစေ၊ ချစ်ခြင်း‌မေတ္တာ အရိပ်အငွေ့တို့ ရှာမတွေ့သည့်အခါတွင်တော့ အလန့်တကြား လွှတ်ကာ ထရပ်လိုက်မိတော့၏။

"Sorry ဦး။ ကိုယ် လိုချင်တာတွေ များသွားပြီး ဦးခံစားချက်ကို လျစ်လျူရှုမိလိုက်တယ်။"

"..........."

"ဦး စဉ်းစားပါ။ ဦး ကိုယ့်ကို မချစ်ချင်လည်း ရပါတယ်။ ပြီးတော့ ဦး မကြိုက်ရင် ကိုယ် ဘယ်တော့မှ ဒီလို မလုပ်တော့ပါဘူး။"

သက်ပြင်းကို ရှိုက်ကာ မျက်၀န်းထောင့်က အရည်တွေကို သုတ်လိုက်မိသည်။ ဦးနှင့် ဆိုလျှင် သူက အမြဲ လျစ်လျူရှုခံရဖို့ ကံပါလာသည် ထင်၏။

"ကိုယ် နေကောင်းနေပြီမို့လို့ ဦး ပြန်ချင်ပြန်တော့"

နောက်ဘက်မှ အရိပ်က လှစ်ခနဲ ပျောက်သည်။ တံခါးက ကျွီကျွီမြည်သွားလျှင် ထွက်သွားပြီမှန်း သိလိုက်ရ၏။ ထိုအခါမှ ကုတင်ပေါ်ပြန်ထိုင်ကာ ခေါင်းက ဆံပင်တွေကို ဆွဲဖွမိသည်။

"သည်းခံ ကိုလတ်၊ သည်းခံ။ ဦးက မချစ်ဘူးဆိုရင် ဘယ်တော့မှ ချစ်လာမယ့်သူ မဟုတ်ဘူး"

ညသည် တဖြည်းဖြည်း မှောင်လာသည်။ လစန္ဒာကလည်း တိမ်ညိုအကြားမှ တိုးထွက်ကာ လာ၏။ ဒီညတော့ မိုးမရွာသဖြင့် ဖားပြုတ်သံနှင့် ပိုးကောင်များ၏ တစီစီ မြည်သံသာ ကြားရသည်။

( စိတ်မဆိုးနဲ့နော် ခွင့်လွှတ်ပါကွယ် ကိုယ်ရိုင်းနေရင် ××× ကိုယ့်စိတ်က အရင်ဒီလို မဟုတ်ဘူးကွယ် မင်းနဲ့မှ ××× ပြောင်းလဲကုန်ပြီ )

အစိမ်းရင့်ရောင် စာမျက်နှာ { Completed }Where stories live. Discover now