I know them friendly! 1

1K 134 60
                                    

[Unicode]

ဘူမိဗေဒပညာရှင်တို့က ပုပ္ပားတောင်ဟူသည် လွန်ခဲ့သော အနှစ် ၁၅ သန်းခန့်ကတည်းက ပေါ်ထွန်းလာသည်ဟု ဆိုကြသည်။ ဦးကုလားကတော့ မြတ်စွာဘုရားရှင် ကြွချီလာသည့်အချိန်တွင် ဗျာဒိတ်တော် ထားခဲ့သောနေရာဟု ဆို၏။

တချို့စာအုပ်များထဲတွင် ပုပ္ပားတောင်ဟူသည် ပုပ္ဗပရဟူသော ပါဠိစကားမှ ဆင်းသက်လာပြီး ပန်းများ ဖူးပွင့်သောတောင်ဟု အဓိပ္ပာယ်ရသည်ဟု ဆိုသည်။ တချို့ကတော့ ယုန်လွှတ်ကျွန်း၏ အရှေ့အရပ်၌ ရှိသောကြောင့် ပုပ္ဗတောင်ဟု ခေါ်သည်ဟု ဆိုပြန်၏။

မည်သို့ပင် ဖော်ညွှန်းကြပါစေ။ ဤသို့ ဤသို့ အမည်နာမ အမျိုးမျိုး၊ အဆိုအမျိုးမျိုး ရှိကြသော ပုပ္ပားတောင်သည် မီးငြိမ်းတောင်ဖြစ်ပြီး ပင်လယ်ရေ မျက်နှာပြင်အထက် ၂၄၁၇ ပေ မြင့်သည်က‌တော့ အမှန်ပင် ဖြစ်၏။

တောင်ခြေမှ တောင်ထိပ်အထိ ဆိုလျှင် တက်ရတာ ဘယ်လောက်ကြာမည်လဲ လွမ်းလတ်နောင် မသိ‌ပေ။ သို့ရာတွင် မသိသလို မေးလည်း မမေးဘဲ ကြိုက်တဲ့အချိန် ရောက်မည်ဟု စိတ်ပိုင်းဖြတ်ကာသာ ဖြည်းဖြည်းချင်း တက်လာဖြစ်ခဲ့၏။

လမ်းတစ်လျှောက်မှာ ကွိစိကွစနှင့် မျောက်များက အစာတောင်းနေလေသည်။ အသီးရောင်းသူများကလည်း သူများ ဝယ်မလား ဟူသည့် မျှော်လင့်ချက်ဖြင့် လိုက်ကြည့်ကြ၏။ သို့သော် လွမ်းလတ်နောင် အာရုံထဲ ဝင်လာသည်က အဘိုးပြောသလို မျောက်အော်သံက ကြိုးခွေလည်း မဟုတ်ပါလားဟုပင်။

ဓာတ်ပုံရိုက်ရင်း ရှုခင်းတွေကို ကြည့်ရင်းမှ စောင်းတန်းတစ်လျှောက် အပေါ်သို့ တက်မိသည်။ ငယ်စဉ်က ဒီနေရာကို လာခဲ့ဖူးသလား မမှတ်မိတော့သော်လည်း ပုပ္ပားတောင်မြေက ဘယ်နှစ်ကြိမ်ရောက်ရောက် အမြဲထပ်လာချင်မိဦးမည့် မြေပင်ဖြစ်သည်။

"မောင်လေးရေ ပန်းတွေယူပါဦး"

"ဘုရားပေါ်မှာ ကပ်ဖို့ ပန်းတွေ ၀ယ်သွားကြဦးနော်"

"ချစ်ရတဲ့သူနဲ့ နှစ်ကိုယ်တူ ပေါင်းကြဖို့ ဆုတောင်းရအောင်။ ဘုရားပန်းတွေ၊ ဘုရားပန်းတွေ။"

ထိပ်ဆုံးလှေကားထစ်ပေါ်သို့ တက်တက်ချင်းမှာပင် ပန်းသည်များနှင့် သူတို့၏ အသံစာစာများက ဆီးကြိုကြသည်။ ရနံ့များက မွှေးသလို၊ အပြောကလည်း ကောင်းသဖြင့် လွမ်းလတ်နောင် ၀ယ်ချင်စိတ် ဖြစ်သွားရ၏။

အစိမ်းရင့်ရောင် စာမျက်နှာ { Completed }Where stories live. Discover now