Let's leave the dark green page

1K 104 16
                                    

[Unicode]

ခြံစည်းရိုး ပတ်ပတ်လည်တွင် ဝါးရုံပင် ပုပုလေးတွေက ရှိနေပြီး ထိုအပင်ပုလေးတွေကြောင့် အိမ်ခြံ၀င်း တစ်ခုလုံးက အစိမ်းရောင် တံတိုင်းကြီး ကာထားသလိုပင်။ မိုးမလင်းတလင်း အချိန်ဖြစ်၍ နေရောင်က ကမ္ဘာမြေပေါ်သို့ မဖုံးအုပ်သေး။

အ၀င်လမ်း ဘေးနားရှိ တဖွဲဖွဲ ကြွေကျနေသော စံကားဝါပန်းတွေကို ကောက်ကာ ဗန်းခုံးထဲသို့ ထည့်လိုက်ပြီး ထိုင်ခုံပုလေး ရှိရာသို့ ပြန်လျှောက်လာခဲ့လိုက်သည်။ အဆင်သင့် ယူလာသော ကြိုးဖြင့် ပန်းများကို သီနေစဉ်မှာပင် ခြံ၀င်းထဲသို့ အထုတ်အပိုးနှင့် လူတစ်ယောက်က ၀င်လာ၏။

"အစ်ကို..."

".............."

ဇဝေဇဝါ ဖြစ်နေ၍ မျက်မှောင်ကြုတ်ကာ ကြည့်လိုက်မိရာ အလိုက်တသိနှင့် သူ့နာမည်ကို ဆက်ပြောသည်။

"ကျွန်တော် မောင်မိုးလေ"

"မောင်မိုး"

စိတ်ထဲတွင် မောင်မိုးဟူသည် အရမ်းမထွားကြိုင်းရင်တောင် သူ့လောက်တော့ ရှိမည် ထင်ခဲ့သည်။ မျက်စိရှေ့က မောင်မိုးမှာ ပု‌ပုသေးသေး၊ ပိန်ပိန်လေးဖြစ်၏။ ကလေးရုပ်ပင် မပျောက်သေးသော မောင်မိုးက သူ၏ ထောက်တိုင်ကလေး။

"အမေ့ကို သတိရတာ ပြေသွားပြီလား"

"အာ...ဟုတ်ကဲ့"

သတိတရ မေးလိုက်တော့ မောင်မိုးက ပြုံးစိစိနှင့် ရယ်သည်။

"မိုးဝေရော"

"ဗျာ"

"မင်း အစ်ကိုလေ"

မောင်မိုးက ကြောင်တောင်တောင် ကြည့်နေပြီးမှ ပြန်ဖြေသည်။

"ဪ။ ကိုကြီးက ရန်ကုန် ပြန်သွားပြီ အစ်ကိုရ။"

"ရန်ကုန် ?"

"သူက ခဏရယ် အလည်လာတာ။ အခု အစ်ကိုလည်း ကောင်းသွားပြီ ဆိုတော့ ပြန်သွားတာ။"

ဟိုရက်က ဒေါသများအတွက် သောင်ယံ ပြန်တောင်းပန်ချင်သေးသည်ကို။ သေချာ နှုတ်ဆက်ခွင့်လေးတောင် မရလိုက်။ မိုးဝေက သူ့အ‌ပြောတွေကို စိတ်ဆိုးသွားပြီလားပင်။

အစိမ်းရင့်ရောင် စာမျက်နှာ { Completed }Where stories live. Discover now