We are still together 3

870 113 19
                                    

[Unicode]

ဆံပင်‌အနားစတွေက တိုကပ်နေသောကြောင့် လည်ကုပ်သားလေးကို အနည်းငယ် မြင်ရပြီး အဖြူရောင်အင်္ကျီကလည်း ပုခုံးပြင်ကျယ်နှင့် လိုက်ဖက် အချိုးကျနေသည်။ ခါးသေးသေးလေးထက်မှာ အင်္ကျီက သပ်သပ်ရပ်ရပ် ၀င်နေပြီး အစိမ်းရောင်နှင့် အမည်း ကွက်ထားသော ပုဆိုးကလည်း ဖြောင့်စင်းသော ခြေတံတစ်လျှောက် ဆင်းသွားကာ ခြေဖမိုးဖွေးဖွေး အပေါ်မှာ ရပ်တန့်သွား၏။

ကြည့်ရင်းနှင့်ပင် စာအုပ်စင်ဘေး၌ မတ်တပ်ရပ်ကာ စာအုပ် ရွေးနေသော လက်ချောင်းသွယ်သွယ်လေးများ၏ ပိုင်ရှင်က အတော်ပင် ချောမောမည်ဟု တွေးတောမိသည်။ ထို့အတူ ထိုသူအား ပိုင်ဆိုင်ထားသော သူသည်လည်း ကံအကောင်းဆုံးလူ ဖြစ်မည်ကို ဒိဌဓမ္မသိမိသည်။

"ဟော သောင်ယံ တစ်ယောက်တည်းလား။ မတွေ့တာတောင် ကြာပြီ။"

မြင်ကွင်းထဲ ဝင်လာသူကြောင့် စာအုပ်စင်တန်း ထောင့်တစ်နေရာက လက်ပိုက် ရပ်ငေးနေသည့် လွမ်းလတ်နောင်မှာ ဖီးအောက်သွားရသည်။ သို့‌သော် သူ့ချစ်သူလေးကတော့ အပြုံးမျက်နှာဖြင့် ပြန်လည်နှုတ်ဆက်လေ၏။

"ဟုတ်တယ်နော် အစ်ကို။ ကျွန်တော်လည်း ခုရက်ပိုင်း အလုပ်ရှုပ်နေတာ။"

"စာတွေ မသိရင် အစ်ကို့ကို မေးနော်။ အတန်းကြီး ရောက်လာပြီဆိုတော့ ပိုပြီးတော့ ဖိဖိစီးစီး ကြိုးစားကွ။"

"ဟုတ်ကဲ့ အစ်ကို။ ကျွန်တော် မသိရင် လာမေးမှာပါ။ အစ်ကိုက ဆရာ၊ ဆရာမတွေကြားမှာ နာမည် ကြီးတယ်လေ။"

"ဟားဟား ချီးမွမ်းလိုက်တာ။ သောင်ယံကလည်း ဆရာမတွေ‌ ပြောတဲ့အထဲမှာ ပါပါတယ်ဗျာ။"

"နောက်ဆုံးနှစ် ရောက်ပြီဆိုတော့ အစ်ကိုတို့တော့ ကျောင်းကြီးကို လွမ်းနေတော့မှာပဲ"

ကိုခန့်တည်မျက်နှာက အနည်းငယ် မှုန်ရီသွား၏။ လက်လှမ်းမယောင် ပြုသော စာအုပ်ဆီမှ လက်ကို ပြန်ရုတ်သည်။

"ဒီလိုပဲပေါ့ သောင်ယံရယ်။ တက္ကသိုလ်ဆိုတာက အစကတည်းက ခေတ္တကွန်းခိုရာ နေရာပဲ မဟုတ်လား။"

တစ်နှစ် လိုသေး‌သော်လည်း သောင်ယံ ဒီခံစားချက်ကို နားလည်သည်။ ဆယ်တန်းအောင်ပြီးရင် ဘဝထဲကို ခြေစုံပစ်ဝင်ရပြီဟု လူတွေ ပြောကြသော်လည်း ထိုအရာက အားလုံး၏ ခြေဆင်းမျှသာ။ ငယ်ရွယ်နုနယ်သော ကလေးဘဝမှ ကူးပြောင်းလာသည့် ဖြူစင်မှုတွေက ဒီနေရာအထိလည်း ကပ်ငြိလာနေဆဲ။ အပျော်ရွှင်ရဆုံး အချိန်တွေဟာ ပို၍ပင် ဆွတ်ပျံ့မွှေးထုံလာသေးသည်။

အစိမ်းရင့်ရောင် စာမျက်နှာ { Completed }Where stories live. Discover now