Do I miss something? 2

1K 133 26
                                    

[Unicode]

ညနက်၍ လူခြေတိတ်မှ ထွက်လာတတ်သော ပိုးမွှားကောင်တချို့လို စားပွဲခုံပေါ်ရှိ ညနေက လွမ်းလတ်‌နောင် တင်ထားခဲ့သော စံကားဝါပန်း ပွင့်ဖတ်လေးသည် တဖြည်းဖြည်းနှင့် လှုပ်ရှားကာ လာနေသည်။ အနည်းငယ်သော အမှုန်လေးတို့မှ များပြီးရင်း များလာပြီးသောအခါတွင်မူ အဝါရောင်လေပွေ၊ လှိုင်းတံပိုးကြီး ဖြစ်လာကာ အိပ်ရာပေါ်ရှိ အိပ်မောကျနေသူအား ရစ်ပတ်သယ်ဆောင်၍ အတိတ်တစ်နေရာဆီသို့ ခေါ်ဆောင်သွားလေတော့၏။

အဓိပတိ လမ်းတစ်လျှောက် လှမ်းလာနေသော ကောင်လေးတစ်ယောက်သည် ဘေးဘီသို့ ဝေ့ဝဲမကြည့်ဘဲ ရှေ့တည့်တည့်သို့သာ မျက်နှာမူထားသည်။ အနက်ရောင် သမ်းသော ပုဆိုးမှာ ဖြူဖွေးသော အသားအရည်နှင့် လိုက်ဖက်လွန်းလျက် ဝေးဝေးက ကြည့်ရုံနှင့်ပင် လူချောတစ်ယောက် ဖြစ်မှန်း သိသာရ၏။

တဖြည်းဖြည်းနှင့် ရာမညဆောင်နားသို့ ရောက်လာသော ထိုကောင်လေးသည် အဆောင်ရှေ့တည့်တည့်တွင် ရပ်နေသော သူတစ်‌ယောက်ဆီ အကြည့်ရောက်သွားသောအခါ နီမြန်းသော နှုတ်ခမ်းအစုံက အံ့ဩမှုကြောင့် ပွင့်ဟသွားသည်။ တစ်ပြိုင်နက်ထဲမှာပင် သေးသွယ်သော မျက်ခုံးများကလည်း အလိုမကျမှုကြောင့် တွန့်ချိုးနေ၏။

ထို့နောက် မြင်ကွင်းကို မရှုကြည့်လိုပုံဖြင့် ခြေလှမ်းများအား လာရာလမ်းအတိုင်း နောက်ပြန်လှည့်ဖို့ ပြင်သည်။

"ဟေး သောင်ယံဦး ! အတန်း မတက်ဘူးလား"

တိတ်တိတ်ဆိတ်ဆိတ် ထွက်သွားလိုက်ချင်သော်လည်း ကံတရားက သောင်ယံ့ကို အခွင့်မပေးသဖြင့် နှုတ်ဆက်လာသူအား ယဉ်‌ကျေးစွာ ခေါင်းယမ်းပြလိုက်သည်။ ထိုအခိုက်မှာပင် သူ မမှတ်မိချင်၊ မသိချင်၊ မတွေ့ချင်တော့သော တစ်စုံတစ်ယောက်သည် အနားသို့ရောက်လာ၏။

"သောင်ယံ...!"

ဒီအသံ...၊ ဒီအသံကို သောင်ယံ မကြားခဲ့ရသည်မှာ သုံးနှစ်ကျော်ပြီ ဖြစ်သည်။ ခွဲခွာကာစကတော့ တွေ့ချင်မြင်ချင်လွန်း၍ မျှော်လင့်ခဲ့သည်။ ယခုတော့...

"သောင်ယံ ငါ ကိုလတ်လေ။ မမှတ်မိဘူးလား"

လမ်းမကိုသာ စိုက်ကြည့်လျက် ခပ်ဆတ်ဆတ်အသံဖြင့် သောင်ယံ ပြန်ဖြေလိုက်သည်။

အစိမ်းရင့်ရောင် စာမျက်နှာ { Completed }Where stories live. Discover now