Notification or Song 3

1.1K 152 22
                                    

[Unicode]

စနေ၊ တနင်္ဂနွေ ပိတ်ရက်ဖြစ်၍ ခုမှ စုလုပ်ရသော အလုပ်ကိုယ်စီက တစ်အိမ်သားလုံး၌ ရှိနေလေသည်။ မေမေက အိမ်ထဲမှာ သန့်ရှင်းရေးလုပ်မည်၊ မီးပူတိုက်မည်။ ဖေဖေက နောက်ဖေးဘက် စိုက်ခင်းမှာ ပေါင်းမြက်ရှင်းမည်။ သူတို့ညီအစ်ကို နှစ်ယောက်က...

"ဟိတ် ဟိုကောင်လေး ဘယ်လဲ။ မေမေ မြက်ရှင်းခိုင်းထားတာ ပြီးအောင်လုပ်လေ"

အတွေးမှ မဆုံးသေးခင် သူထိုင်နေရာ နေရာလေးတင် ကွက်ရှင်းကာ ဟိုဘက်အိမ် ကူးပြေးသွားသော ညီဖြစ်သူကြောင့် လွမ်းမြတ်အောင် လှမ်းအော်လိုက်သည်။

"ညီ့အနားက ပြီးနေပြီ။ ကိုမြတ်ဘက်ပဲ ကျန်တော့တာ။ ဆက်လုပ်လိုက်တော့"

အသံသာ ကြားလိုက်ပြီး အရိပ်အယောင် ပျောက်သွား၍ လွမ်းမြတ်အောင်မှာ ခေါင်းကုတ်မိရတော့သည်။ တစ်ခြံလုံး ညီအကိုနှစ်ယောက် တစ်ယောက်တစ်၀က် ရှင်းရမည်ဟု ဖေဖေက အမိန့်ချထားသည်ဖြစ်ရာ ကိုလတ်သာ ထွက်ပြေး‌သွားလျှင် သူသေအောင် လုပ်ရလိမ့်မည်။

"ဂျလည်ကောင်လေး...! မင်းတွေ့မယ်။ ညဘက် ၀တ္ထုခိုးဖတ်တာတွေ ဖေဖေ့ကို တိုင်ပြောမယ်"

မြက်ခင်းကို ပေါက်တူးနှင့် ကျုံးပေါက်လိုက်ပြီးနောက် ပါးစပ်မှလည်း ကျယ်ကျယ် မအော်ရဲဘဲ ပွစိပွစိရွတ်နေမိသည်။ ညီလေးတစ်ယောက် ရထားတာက လူမဟုတ်ဘဲ မျောက်နှင့်လောက် စပ်ကျထားသော ကောင် ဖြစ်နေသည်။ ဒီလိုပြောတော့ ဖေဖေနှင့် မေမေ့ကို ထိခိုက်ပြန်မည်။ သို့သော်လည်း ဒီထက်ကောင်းသည့် ဥပမာ မရှိတော့။ တစ်အိမ်လုံး၌ သူလုပ်ချင်သည့် အရာမှာ ပြောင်ချော်ချော်လုပ်ဖို့ တစ်ခုသာ ဖြစ်၏။

"ကိုမြတ် ညီ့ဓားရော"

ရုတ်တရက် အနောက်မှ ထွက်လာသော အသံကြောင့် လှည့်ကြည်လိုက်လျှင် အလိုမကျသဖြင့် စူပုတ််နေသည့် မောင်လွမ်းလတ်နောင်၏ မျက်နှာအား မြင်လိုက်ရသည်။

"ဟိုမှာ...။ ဟိုးအပင် အမြစ်ပေါ်မှာ။ ဘာဖြစ်လာတာလဲကွ ရုပ်က။ သောင်ယံ မရှိဘူးလား"

"ရှိတယ်။ ရှိလွန်းလို့ ခက်နေတာ"

ပေါက်တူးနှင့် ခြစ်မိသည့် မြေကြီးထဲမှ အုတ်နီခဲကို ဖယ်ထုတ်ရင်း လွမ်းမြတ်အောင် တိတ်တိတ်လေး ကျိတ်ရယ်လိုက်မိသည်။ ကောင်စုတ်လေး မင်းကိုနိုင်မယ့်သူ တစ်ယောက်လောက်တော့ ရှိအုန်းမှ။

အစိမ်းရင့်ရောင် စာမျက်နှာ { Completed }Where stories live. Discover now