Before he saw 1

890 109 29
                                    

[Unicode]

"လတ်ရာ အိမ်မှာ ပြန်စောင့်နေပါ။ အကြာကြီးနော်။ ပျင်းစရာကြီး နေမှာ။"

စာမေးပွဲ ဖြေရမည့်သူက အပြင်ကလူကို ပြန်ပူပန်နေသဖြင့် စိတ်ထဲက ကြည်နူးမိသွားသည်။

လွမ်းလတ်နောင်တို့က မနက်ပိုင်းကတည်းက ပြီးသွားပြီ ဖြစ်သော်လည်း  ဦးကတော့ ဆက်ဖြေနေရဆဲ။ ဒီတော့ တောက်တဲ့ကလေးက မိုးရွာရွာ နေပူပူ လိုက်ကပ်နေမိ၏။

"ဘာမဖြစ်ပါဘူး။ ကိုယ်က အကောင်းနဲ့ ဦး စာမေးပွဲဖြေပြီး ထွက်လာရင် ကိုယ့်မျက်နှာကို မြင်ရအောင်လို့။"

မူပိုသော စကားကြောင့် ဦးက ပြုံးသည်။ စိတ်လျှော့လိုက်ပုံဖြင့် မျက်လုံးလေး ဝင့်ကာ ပြန်ကြည့်လာသည်။

"ကဲ တားမရရင်လည်း စောင့်စောင့်။ စာအုပ် ဖတ်နေမလား။"

"ဟင့်အင်း မဖတ်ချင်ဘူး"

"ဒါဆို သွားပြီ"

အခန်းထဲ ၀င်ခါနီးအထိ စိတ်မချသလို လှည့်ကြည့်နေသေးသည်။ မျက်လုံးမှိတ်ပြလိုက်တော့မှ တစ်ချိုးတည်း ၀င်ပြေးသွားတော့၏။

ဒီညနေပိုင်းကြီးက အထူးတလည် အားလပ်နေသလိုပင်။ ကျက်စရာ စာများမှာ ခုမရှိတော့သလို နောက်လည်း ထပ်ရှိလာဦးတော့မည် မဟုတ်သည်ကို တွေးမိတော့ လွမ်းသွားရသည်။ ကျောင်းသားဘ၀ နောက်ဆုံးရက်တွေက လျှင်မြန်လွန်းလှ၏။ ဒီကျောင်းထဲမှာ ကြာကြာ ရှိနေချင်သေးသည်။

တစ်နှစ်။ ဦးက ဒီကျောင်း၀န်းကြီးထဲမှာ သူ မပါဘဲ တစ်နှစ်‌တာ ဖြတ်သန်းရဦးမည်ကို တွေးတော့ ကြိုတင်ကာ ဆွေးချင်မိသွားရသည်။

စကော်လာပါသည့်အကြောင်း ဦးကို မပြောရသေး။ စာမေးပွဲ ဖြေနေရင်းမှ သိရသဖြင့် ဘယ်လို ပြောရမှန်းလည်း မသိ။ ရေမြေခြားမှာ သွားနေရ၍ ဦးကို စိတ်မချသည့်အပြင် တွေ့ခွင့်ပါ မရှိတော့သောကြောင့် ပြောပြဖို့က ခက်လှသည်။

နံဘေးမှာ ချထားခဲ့သော လွယ်အိတ်လေးကို ကောက်ယူပွေ့ပိုက်ထားပြီးနောက် မြက်ခင်းပေါ် ကြွေကျနေသော ပန်းပွင့်လေးတွေကိုသာ ငေးကြည့်‌နေမိသည်။

မူလတန်းကတည်းက သူတို့ တွေ့ခဲ့ကြသည်။ တက္ကသိုလ် ရောက်သည်အထိ သူတို့ ချစ်ခဲ့ကြသည်။ ဒါကိုပင် ‌အတွေ့နောက်ကျသေးသည် လွမ်းလတ်နောင် ထင်မိ၏။

အစိမ်းရင့်ရောင် စာမျက်နှာ { Completed }Waar verhalen tot leven komen. Ontdek het nu