Do you wanna save me? 1

850 104 8
                                    

[Unicode]

"အစ်ကိုရေ အစ်ကို။ ဒီမှာ ကိုင်ကြည့်။ ကျွန်တော် ဘာယူလာလဲလို့။"

လူ မမြင်ခင်ကတည်းက အသံက ကြားနေရသည်။ အမှန်တကယ်တော့လည်း လူကို မမြင်ရပါ။

အနား တွန့်နေသော ဝိုင်းဝိုင်းရှည်ရှည်အရာက ဖိမိလိုက်တော့ ပျော့၀င်သွားသည်။ သွပ်နန်းကြိုးစလေးကို စမ်းမိသွားချိန် ဘာဖြစ်မယ်ဆိုတာ ရိပ်မိလိုက်၏။

"သီတင်းကျွတ်ပြီလား"

"ဟုတ်တယ် အစ်ကိုရ။ ကျွန်တော် အိမ်မှာ ချိတ်ရအောင် အများကြီး ၀ယ်လာတယ်။ ညကျရင် မီးထွန်းကြမယ်နော်။"

မီးပုံးကို လက်ထဲက မချရသေးသော သောင်ယံ့နှုတ်ခမ်းထောင့်က ကွေးသွား၏။

"မိုးဝေရယ် စိတ်ကူးယဉ်လိုက်တာ။ မီးထွန်းတော့ရော ငါမှ မမြင်ရဘဲ။"

"အစ်ကိုကလည်း။ ကျွန်တော်က အစ်ကို့ရဲ့ မျက်လုံး လုပ်ပေးမှာပေါ့။"

ဘာရယ်မဟုတ် ပြောလိုက်သော်လည်း သောင်ယံ့မျက်နှာက ပြန်တည်သွား၏။ ဒီလို စကားမျိုးကို တစ်စုံတစ်ယောက်က လွဲ၍ တခြား မည်သူ့ဆီကမှ မကြားချင်။ ထပ်ပြီး၊ နားမထောင်ချင်။

"ခုမနက် ဘာတွေ ၀ယ်လာလဲ"

"ကျွန်တော် အစ်ကို့ကို သီးစုံကုလားဟင်း ချက်ကျွေးမလို့။ အခါကြီး ရက်ကြီးဆိုတော့ အသား မစားနဲ့လေ။"

"မစားနဲ့လေလို့ မပြောပါနဲ့။ မင်း မကျွေးရင် ငါက ဘယ်လိုစားမလဲ။"

"အဟီး ဟုတ်သားပဲ။ အပြင်မှာ ထွက်ထိုင်မလား။"

ပိန္နဲပင်အောက်က ကွပ်ပျစ်ကို ခုရက်ပိုင်း သဘောကျနေသည်မို့ နေ့တိုင်း ထိုင်ဖြစ်သည်။ ထို့ကြောင့် မိုးဝေက မေးလိုက်ခြင်းပင်။

အမြင်အာရုံ မရှိသဖြင့် အကြားအာရုံက ပိုကောင်းလာသည်ကိုတော့ သတိထားမိသည်။ သစ်ရွက်တွေ ကြားက လေတိုးသံ တဝီဝီမှာ တိုးတိုးလေးဖြစ်သော်လည်း ကြားရသည်။ ရှဉ့်ကလေးတွေ မာကလာသီး စားရာမှ ထွက်သော ကိုက်သံ တဂျစ်ဂျစ်ကိုလည်း နားယဉ်နေပြီ။

တစ်ခါတရံ ငှက်လေးတွေက အပင်ပေါ်မှာ လာနားတတ်ကြသဖြင့် သူတို့စကားပြောသံကိုလည်း ကြားရသည်။ ရှေးခေတ်လူကြီးတွေလို မာဂဓစကားသာ နားလည်လျှင် ဘာပြောနေကြမလဲ သူ သိချင်သိနိုင်လိမ့်ပေမည်။

အစိမ်းရင့်ရောင် စာမျက်နှာ { Completed }Where stories live. Discover now