Notification or Song 2

1.2K 160 42
                                    

[Unicode]

"မောင်လွမ်းလတ်နောင်"

"လာပါတယ် ခင်ဗျာ"

"မောင်စိုင်း၀ဏ္ဏ"

"လာပါတယ် ခင်ဗျာ"

"မောင်သောင်ယံဦး"

"......."

"အေး ဒီကလေး ဘယ်လိုနေသေးလဲကွ။ ခေါင်း တော်တော် ထိသွားလား"

"ဆရာ၀န်က သုံးလေးရက်လောက် နားလို့ ပြောပါတယ် ဆရာကြီး"

"အေးကွယ်။ ကိုယ့်သူငယ်ချင်းကို လူနာသွားမေးကြဦး။ စာလည်း ကူးပေးလိုက်ကြ။ နောက်ဆို ရန်မဖြစ်ကြနဲ့ကွဲ့။ အားကစား စိတ်ဓာတ်ဆိုတာ လူတိုင်းမှာ ရှိကြရတယ်။ မနိုင်တိုင်းသာ ထိုးကြကြိတ်ကြကြေးဆိုရင် ဘယ်မှာလာ နိုင်ငံကိုယ်စားပြု ဘောလုံးသမားကောင်းတွေ ထွက်လာကြမလဲ။ ခုပြောနေတာ တစ်ဖွဲ့တည်း မဟုတ်ဘူးနော်။ တစ်တန်းလုံးကို။ ကြားကြလား"

"ဟုတ်ကဲ့ ဆရာကြီး"

ထိုနေ့က လူကြီးတစ်ယောက် ဖြတ်သွားသဖြင့် သူတို့ရန်ပွဲ ပြီးသွားခြင်းဖြစ်သည်။ သောင်ယံက စစချင်း ဘာမှမဖြစ်သော်လည်း နောက်သတိလစ်သွားသဖြင့် ဆေးရုံသို့ အကွဲကွဲအပြဲပြဲနှင့် ပြေးခဲ့ကြရသေးသည်။ သောင်ယံ့အဖေက သူ့သားကို warning သုံးလ ပေးလိုက်သလို ကျန်သူများမှာလည်း တော်တော့်ကို အဆူခံလိုက်ရ၏။

"အဲ့ဒါဆို ဘယ်နေ့လောက် လုပ်ကြမလဲ"

"စနေနေ့ရော ငါတို့ အားတယ်လေ။ ဟေ့ကောင် ကျော်ထင် ငြိမ်ငြိမ်နေကွ။ ရှေ့က နင်းရတာ သေတော့မယ်

ကျော်ထင်နော်ရထာတို့ စက်ဘီးအား သုံးယောက်သား ကပ်သပ်စီးလာကြရာ သဲထဲ တစ်၀က်လောက် မြုပ်နေသည့် ဘီးလေးမှာ မနည်းရုန်းနေရရှာ၏။ ဒီကြားထဲ ကျော်ထင်က တွန့်လိမ်အောင် ကစားနေသေး၏။

"ဒါ‌ပေမဲ့ သောင်ယံက မပါရဘူးကွ။ သူမပါ‌တော့ ငါ့တွဲဘက် ပြုတ်တယ်လေ"

"ပြောသာ ပြောရတာ။ ငါတို့ကိုလည်း ဖေဖေက ဟိုကိစ္စပြီးကတည်းက သိပ်မကြည်... ကြည်...။ ဟဟ လုပ်ကြဦးကွ"

ပိန်လိန်နေသော ဘီးလေးမှာ သစ်ငုတ်တိုအား ၀င်တိုက်ပြီးနောက်တွင်တော့...။

အစိမ်းရင့်ရောင် စာမျက်နှာ { Completed }Where stories live. Discover now