I know them friendly! 2

999 130 54
                                    

[Unicode]

"မင်း ရူးနေလား !"

"ခွပ်"

မြည်သံစွဲလင်္ကာတစ်ခု ထွက်လာပြီးနောက်တွင်တော့ လွမ်းလတ်နောင်သည် ကြယ်တွေ၊ လတွေရော၊ သကြားခဲတွေရော စုံနေသော ကမ္ဘာတစ်ခုပေါ်သို့ အသွားစားရိတ် မလိုဘဲ အော်တို ရောက်ရှိသွားရသည်။

"ဟိတ် တစ်ယောက်တည်း ပြန်မှာလား။ ငါကရော။"

ရှေ့ကနေ ပြေးထွက်သွားသော သူအား ကြည်ကြည်လင်လင် မြင်ရပြီးနောက် လှမ်းအော်ပြောလိုက်ချိန်တွင်တော့ အရှက်လွန်သွားသော သောင်ယံက တက္ကစီပေါ် ပြေးတက်သွားပြီး ဖြစ်၏။

"ရှက်သွားတာပဲ ဖြစ်ရမယ်။ အဟင်း ချစ်စရာ ကောင်းလိုက်တာ။"

စောနကလေးတင် ဖြစ်ပျက်ခဲ့သော အရာများအား ပြန်လည်တွေးကြည့်မိလိုက်ပြီးနောက် မျက်နှာကြီးက ပြုံးဖြီးဖြီး ဖြစ်လာသည်။ ပြည်သူ့ရင်ပြင် တစ်ခုလုံးမှာ အမေဇုံတောအသွင် ကူးပြောင်းသွားပြီး ပန်းပေါင်းစုံတို့၏ တစ်ဆင့်ချင်းစီ ဖူးပွင့်လာပုံကို အနှေးပြကွက်နှယ် အံ့ဩဖွယ် မြင်ရသည်။

ထို့ပြင် ငှက်တွေအော်လျှင် နားငြီးတတ်သော သူ့အား ယခုအခါတွင်တော့ ချိုမြိန်သော သီချင်းပေါင်းစုံကို ထိုငှက်လေးတွေက လာရောက်ဆိုပြနေကြ၏။

ထူးဆန်းလှပါသည်။

ပူစီပေါင်းတွေ၊ အာတာပူစီတွေက မိုးပေါ်သို့ အလိုလို ပျံတက်လာကြသည်။ အပြန်လမ်းတစ်လျှောက်ရှိ လူအားလုံးကလည်း လှပချောမောနေကြ၏။ အမြင်အကပ်ဆုံးသော မီးပွိုင့်ကြီးကပင် သူ့အား ပြုံးပြနှုတ်ဆက်လိုက်သေးသည်။

"မေမေရေ။ သား ပြန်လာပြီ။"

"ထမင်းစားတော့မလား သား"

"စားမှာပေါ့။ မေမေ ဘာတွေချက်ထားလဲ။"

ကုလားထိုင်ပေါ်တွင် ထိုင်နေသော မေမေ့ရင်ခွင်ထဲ ခေါင်းတိုး၀င်လိုက်တော့ လွမ်းလတ်နောင့် ခေါင်းက ပြန်လည် ဖွပေးခြင်းကို ခံရသည်။

အစိမ်းရင့်ရောင် စာမျက်နှာ { Completed }Tempat cerita menjadi hidup. Temukan sekarang