Love ya boy...

1.6K 124 57
                                    

[Unicode]

"ဘယ်...ဘယ်သူလဲ"

အသံရှင်အား လှည့်ကြည့်စေချင်သလို၊ လှည့်လည်း လှည့်မကြည့်စေချင်သဖြင့် ရင်က တဆတ်ဆတ် တုန်လာသည်။ စိတ်လှုပ်ရှားလွန်းသဖြင့် လက်တွေကို ဖိညှစ်ကာ နေစဉ်မှာပင် ထိုသူကလည်း မတ်တပ်ထရပ်လိုက်သည်။

အရပ်။ သူ့ထက် ခေါင်းတစ်လုံးမျှ ပိုရှည်နေသော အရပ်ကြောင့် စိတ်ထဲ၌ကား ဝေခွဲမရ ဖြစ်သွားမိ၏။

လတ်။ လတ်နှင့် သူက အရပ် သိပ်မကွာပါ။ ဒါဆို မိုးဝေလား။ မိုးဝေကို သူ မမြင်ဖူးသဖြင့် အရပ် ဘယ်လောက်ရှည်လဲ မသိ။

"ငါ့ကို တွေ့ဖို့လာတာ ဆိုရင် ဒီဘက်လှည့်ကြည့်သင့်တယ် မထင်ဘူးလား"

"..........."

ကျောခိုင်းနေသူက လှည့်မလာသေး။ သောင်ယံ သိချင်လွန်း၍ လက်ချောင်းတွေကိုပါ ဆုပ်လိုက်မိသည်။

"ဟိတ်။ မင်းကို ငါပြောနေတယ်လေ။"

"ကိုယ်လာ‌တွေ့တာ ဟုတ်လို့လား၊ ဦးဘာသာ ရောက်လာတာမဟုတ်ဘူးလား"

ရယ်မြူးရိပ် သမ်းနေသော အသံပိုင်ရှင်က 'ဦး' ဟု ခေါ်လိုက်ချိန်တွင်‌တော့ ဒူးတွေက အလိုလို ညွတ်ကျသွားရသည်။ ဒီလူ၊ ဒီလူက သေချာပေါက် နှစ်ယောက် မရှိသည့် 'လတ်'။

"ကိုယ့်ရဲ့ 'ဦး' လေး။ မတွေ့ရတာ အတော်ကြာပြီ။"

လက်ဆန့်တန်းကာ ကြိုနေသော သူ၏ ရင်ခွင်ဆီ အပြေးလေး ၀င်မိချိန်တွင် အနှစ်နှစ်၊ အလလက လိပ်ခဲတည်းလည်း ဖြစ်နေခဲ့သော အမုန်း၊ အလွမ်း၊ အချစ်၊ နာကျည်းခြင်း၊ မျှော်လင့်စောင့်စားခြင်းတို့သည် လေပြည်ညင်းနှင့်အတူ လွင့်ပါးပျောက်ကွယ်သွားရတော့သည်။

"မင်း။ ဘာလို့။ မင်း။"

တစ်ရှိန်ထိုး သွန်ကျလာသော မျက်ရည်တို့နှင့်အတူ လတ်၏ ကျောကုန်းအား အကြိမ်ကြိမ် ထုနှက်မိသည်။ သူ တစ်ချက်ထုလိုက်တိုင်းမှာ လတ်ကလည်း ပိုမိုတင်းကြပ်စွာ ပွေ့ဖက်လာ၏။

အစိမ်းရင့်ရောင် စာမျက်နှာ { Completed }Where stories live. Discover now