We are still together 1

962 121 44
                                    

[Unicode]

ဆောင်းနှင်းစက်တွေ တဖွဲဖွဲ ကျနေသော သစ်ပင်အောက်၌ ချစ်သူနှင့်အတူတူ ရှိချင်ပါသော်လည်း မိမိနေသော နေရာကား ရန်ကုန်ပင် ဖြစ်လေသည်။

ကျောင်းဖွင့်ချိန် ရောက်ပြီမို့ မနက်မိုးလင်းပြီ ဆိုကတည်းက ဦးကို ကားဂိတ်မှာ သွားကြိုဖို့ လွမ်းလတ်နောင် အဆင်သင့် ဖြစ်နေခဲ့သည်။ အစောကြီးထပြီး ရှိုးစမိုး အပြည့်နှင့် တက်ကြွနေသော သူ့ကို မေမေကတော့ တအံ့တဩ ဖြစ်ကာ ကျန်ခဲ့၏။

ဦး လက်မခံခင်တုန်းကလည်း မချစ်လို့ ငိုရသည်။ ဟော... ဦး ပြန်ချစ်ပြန်တော့လည်း လွမ်းလို့ ငိုရပြန်သည်။ အငိုမင်းသားကြီး လုံးလုံး ဖြစ်နေသော သူ့ကိုယ်သူလည်း အံ့ဩမိပါ၏။ ဦးကို ချစ်တာ မှန်သော်လည်း ဒီလောက်အထိ လွန်လွန်ကဲကဲ ဖြစ်နေမယ်လို့ ဘယ်တုန်းကမှ ထင်မထားခဲ့ပေ။

"ဟူး... အေးလည်း မအေးဘူး။ ဦး ဘာဖတ်နေတာလဲ။"

ပေါင်ပေါ်တွင် ခေါင်းအုံးအိပ်ကာ စဉ်းစားခန်း ၀င်နေရင်းမှ ငြိမ်သက်နေသူကို မော့ကြည့်မိသည်။ စာထဲတွင် စိတ်၀င်စားနေသောကြောင့် အသက်ရှုသံ သဲ့သဲ့လေးကို ကြားနေရပြီး မျက်တောင်တွေက အောက်မျက်ခမ်းပေါ်မှာ အရိပ်ကျနေသည်။ ဦးက ဘယ်အချိန်ချိန် ကြည့်ကြည့် ကြည့်မ၀ရသည့် ကြွေရုပ်လေးပါပင်။

"ဗိုက်ဆာနေပြီလား"

"ဟင့်အင်း"

ဗိုက်မဆာဘူး ပြောပြီး ဖတ်နေသော စာအုပ်ကို ဆွဲယူကာ ဘေးမှာ ချလိုက်တော့ နားမလည်ဟန်ဖြင့် ကြည့်သည်။

"ဦးက ကိုယ့်ကိုမချစ်တော့ဘူးလား"

"အကောင်းအိပ်နေရင်း ဘာဖြစ်ရပြန်တာလဲ"

"ဒီစာအုပ်ပဲ ကြည့်နေတာကိုး။ ကိုယ့်ကိုယ်ကျ ဂရုမစိုက်ဘူး။"

စူပုပ်နေသော လွမ်းလတ်နောင်၏ အဖြေစကား ကြားလျှင် ဦးက ပြက်လုံးတစ်ခုပမာ ရယ်လေတော့သည်။ ခန္ဓာကိုယ်က လှုပ်နေပြီး မျက်ရည်ပင် ထွက်မတတ်။

"ဘာများလဲလို့။ ကိုလတ် မျက်နှာမှာ စာတွေမှ မရှိတာကိုး။ ငါက စာအုပ်ပဲကြည့်ရတာပေါ့။"

ကိုလတ်ဟူသော စကားပါ ထပ်ကြားရလျှင် လွမ်းလတ်နောင် စာအုပ်ကို လက်ဖြင့် ရိုက်လိုက်မိတော့သည်။

အစိမ်းရင့်ရောင် စာမျက်နှာ { Completed }Όπου ζουν οι ιστορίες. Ανακάλυψε τώρα