နေမဝင်ချစ်ခြင်း
🌻🌻🌻🌻🌻🌻🌻Part-1Black Sun အိမ်တော်ကြီးမှသူ။
မူးယဇ်ရာဇာတစ်ယောက်။
အမှောင်ကမ္ဘာမှာရော အလင်းကမ္ဘာမှာပါကျင်လည်ကျတ်စားနေသူ။
သူ့ရဲ့ကမ္ဘာနှစ်ခုထဲမှာ လူတိုင်းကဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ရသည့်သူ။သွေးအေးအေးနဲ့ရက်စက်နိုင်သူ။
သနားညာတာမှုကင်းရှင်းသည့်သူ။
အပြုံးအရယ်ကင်းတဲ့ မျက်နှာနဲ့နှစ်များစွာတစ်ယောက်ထဲဖြတ်သန်းလာသူ။
ချစ်ခြင်းမေတ္တာဟူသည်အဖြူ အမဲ မခွဲခြားဘဲ
အရာအားလုံးကို စိတ်ကြိုက်ချယ်လှယ်နိုင်သူ။ထိုသူသည်~
မိုးထိအုပ်စိုးနိုင်။
နာမည်ကြားယုံနဲ့ မည်မျှအထိလွှမ်းမိုးအုပ်စိုးနိုင်သည်ကို မှန်းဆ၍ရနိုင်သည်။သူ၏ဘေးတွင် အနက်ရောင်ဝတ်စုံနှင့် အစောင့်များ ဝန်းရံနေကြသည်။
ကျိကျိတက်ချမ်းသာပြီး အရာရာပြည့်စုံတဲ့(တနည်းအားဖြင့် အမှောင်လောကမှငွေများနှင့်)သူ့ကို လုပ်ကြံချင်တဲ့သူတွေက အချိန်မရွေးတိုက်ခိုက်လာနိုင်သည်။ထိုဝတ်စုံအနက်နှင့်လူများကြားက ဖြတ်ကျော်ကာ သူ့ထံခစားသည့် ကောင်လေးတစ်ယောက်။
သူသည် ပိုင်စိုးသူ။
မိုးထိအုပ်စိုးနိုင်ဆိုသည့် လူရဲ့ တစ်ဦးတည်းသော လူယုံ။ ညီကိုအရင်းကဲသို့ ချစ်ခင်ခံရပြီး အရေးပေးခံရသူ။"Boss ကျနော်တို့ဘာဆက်လုပ်ရမလဲ"
"အသက်ကျန်တယ်ဆိုယုံလေး ပညာပေးပြီး ငါ့ရှေ့ကိုခေါ်လာခဲ့"
"ဟုတ်ကဲ့ Boss"
"နေအုံး"
"ဟုတ် ပြောပါ Boss"
"ဒီကိစ္စတစ်ခြားတစ်ယောက်ကို လွှဲလိုက်
မင်းငါနဲ့အပြင်သွားစရာရှိတယ်""ဟုတ်ကဲ့ Boss"
ပိုင်စိုးသူ ထွက်သွားပြီးနောက် ဘေးနားကအစောင့်တွေအားလုံးကိုထွက်သွားခိုင်းလိုက်သည်။
အပြင်းစားအရက်တစ်မျိုးကို တစ်ကြိုက်မျှမော့သောက်လိုက်ပြီး ရှေ့တည့်တည့်ရှိ ရေကူးကန်စီ ဂျွန်းပစ်ဆင်းလိုက်သည်။
ယနေ့အဆင်မပြေဖြစ်သွားသော အလုပ်ကြောင့် ရေကူးကန်ထဲတွင် တစ်နာရီလောက်အချိန်ဖြုန်းဖြစ်သွားသည်။
YOU ARE READING
နေမဝင်ချစ်ခြင်း/နေမဝင်ချစ်ခြင်း(Completed)
Romanceနာကျင်ခြင်းတွေကချိုမြိန်တယ်ဆိုတာ နေမဝင်တဲ့ကိုယ့်ချစ်ခြင်းတွေ မင်းမြင်ပါစေ/နာကျင်ခြင်းတွေကချိုမြိန်တယ်ဆိုတာ နေမဝင်တဲ့ကိုယ့်ချစ်ခြင်းတွေ မင်းမြင်ပါစေ