Part 18

511 19 0
                                    

နေမဝင်ချစ်ခြင်း
  🌻🌻🌻🌻🌻🌻🌻Part-18

Princessမိဘတွေနှုတ်ဆက်ကာ ရွာမှပြန်လာခဲ့ကြသည်။
အိမ်ထောင်ကျသွားမှ ကလေးဆန်လွန်းသော
သမီးဖြစ်သူကို မှာတမ်းချွေနေကြသော ယောက္ခထီးနှင့် ယောက္ခမကို ကျနော့်ရဲ့ချစ်ရသူက စူပုတ်ပုတ်လေးနဲ့ခေါင်းအတွင်တွင်ငြိမ့်နေရှာသည်။
တစ်ခါတစ်ရံ ကားနားကစောင့်နေသော ကျနော့်ထံ မျက်စောင်းလှလှက ရောက်လာတက်သေးသည်။

ဗိုက်ထဲကပေါက်စနှင့် သူမဘယ်သူ့ကိုပိုချစ်လဲဆိုသည့်မေးခွန်းကို ရေရေရာရာမဖြေဘဲ
အိပ်ယာဝင်ခဲ့သည့် ကျနော့်ကို ကျေနပ်ဟန်မတူပါ။

အသင့်ဖွင့်ပေးထားသော ကားတံခါးကနေ အထဲကိုဝင်ထိုင်ပြီးနောက် တံခါးမပိတ်ဘဲ ဘာလုပ်နေတာလဲဆိုသည့် အပြစ်တင်သံလေးပါကြားလိုက်ရသည်။

ကျနော်သဘောတကျရယ်ရင်း တံခါးပိတ်လိုက်ပြီး တစ်ဖတ်မှာဝင်ထိုင်လိုက်သည်။

အလာတုန်းကပျော်မြူးနေသော ကျနော့်ကလေးလေးက အပြန်ခရီးမှာ မျက်နှာလေးက မရွှင်မပြ။
ကျနော်စိတ်မကောင်းပေမဲ့ တခြားမတက်နိုင်။
သူမလေးကို ထားခဲ့ပြီး ကျနော်တစ်ယောက်ထဲပြန်လာခဲ့ဖို့ဆိုတာလဲ ဘယ်လိုမှမဖြစ်နိုင်။
ကျနော်မှ Princessနဲ့မခွဲနိုင်ဘဲလေ။

အမြဲတမ်းရွာမှာလာနေဖို့ကလဲ ကျနော့်အလုပ်တွေက လက်လွှဲလို့မရ။
ဒီတစ်လောတောင် ပြသနာတစ်ချို့ ဖြစ်သွားသည်ဟု လက်ထောက်စီကသိထားရသည်။
ပိုင်စိုးသူ၏စွမ်းဆောင်ချက်ကြောင့်သာ ကျနော်မပြန်ခင် ပြေလည်သွားရခြင်း။

ကားရဲ့တဖက်ကိုကပ်ထိုင်နေသော Princessကို
ကျနော့်ရင်ခွင်ထဲဆွဲဖက်လိုက်တော့ ငြင်းဆန်ခြင်းမရှိပါလာသည်။
တော်သေးတာပေါ့။ အပြန်မှာဒရိုက်ဘာကိုပဲမောင်းခိုင်းလိုက်လို့။

"နောက်လ ကိုယ်အလုပ်တွေပါးရင်
ပြန်လာကြမယ်နော်အချစ်"

"ဟင့်…ကိုကိုတကယ်ပြောတာလား"

"အင်းပေါ့ ကိုယ့်အချစ်လေးက
ရွာကိုပြန်ချင်မှတော့ ကိုယ်ကလိုက်ပို့ပေးရမှာပေါ့ မင်းလေးမျက်နှာညှိုးရင် ကိုယ်မနေတက်သာသိရဲ့သားနဲ့"

နေမဝင်ချစ်ခြင်း/နေမဝင်ချစ်ခြင်း(Completed)Where stories live. Discover now