Part 24(Final)

2.8K 68 8
                                    

နေမဝင်ချစ်ခြင်း
🌻🌻🌻🌻🌻🌻🌻
  Part-24  (ဇာတ်သိမ်းပိုင်း)

25နှစ်နီးပါးကြာပြီးနောက်~~~~

ပြောင်းလဲကုန်ကြပြီပဲ။
မျက်စိရှေ့ကမြင်ကွင်းတိုင်းက အသစ်အသစ်တွေချည်းဖြစ်နေခဲ့သည်။

ငါးဆယ်ကျော်နေတဲ့ အသက်အရွယ်ဟာ
ကြီးလွန်းသည်မဟုတ်ပေမဲ့ အနည်းငယ်တော့ အိုစာနေခဲ့ပြီဖြစ်သည်။
ဒီအချိန်ဆို Princessရဲ့ကလေးလေးတောင် 25နှစ်လောက်ရှိရောပေါ့။

ဆုတောင်းခဲ့မိပေမဲ့ ထိုကလေးက တကယ်ပဲအုပ်စိုးနဲ့မသက်ဆိုင်ခဲ့။
ခြေလှမ်းတွေက ဘယ်အရပ်သို့ ရည်ရွယ်မှန်းမသိ။
နှလုံးသားကတော့ အရင်ကအတိုင်း သူမကိုသာရည်ရွယ်နေဆဲ။

အဆုံးသတ်ခဲ့ကြပြီမို့ မျက်နှာပြောင်တိုက်ဖို့ မရဲတော့။
ရွေးချယ်ခြင်းရဲ့အဆုံးသတ်က ကိုယ်မှမဟုတ်ခဲ့ဘဲလေ။

သို့ပေမဲ့လဲ Princessအကြောင်းတွေးတိုင်း
ရင်ခုန်သံတို့ကမြန်နေဆဲ။
သူမမျက်နှာလေးမြင်ယောင်မိတိုင်း နှုတ်ခမ်းတွေကပြုံးနေမြဲ။

"ဘုတ်……"

"တောင်းပန်ပါတယ်ခင်ဗျ
ကျနော်အလျင်လိုနေလို့ပါ"

ကောင်လေးတစ်ယောက်နဲ့ရုတ်တရက် တိုက်မိသွားသည်မို့ အုပ်စိုးလဲကျသွားခဲ့သည်။
တိုက်မိသည့်ကောင်လေးက တောင်းပန်စကားဆိုရင်း လာရောက်ထူပေးသည်။

"ရတယ်ကောင်လေး မင်းသွားစရာရှိတာသွားပါ"

"ဒီမှာ ဦးလေး ဦးထုပ်ပါ"

"အေး ကျေးဇူးပါပဲ"

ကောင်လေးလက်ထဲကဦးထုပ်ကိုယူကာ
ဆက်လျှောက်လာခဲ့သည်။

"ဖေဖေ……"

ကောင်လေးခေါ်သံကြောင့် အုပ်စိုးခဏရပ်ကာ နောက်လှည့်ကြည့်လိုက်သည်။

"တကယ် ဖေဖေဖြစ်နေတာပဲ"

ကောင်းလေးက စကားဆိုရင်း မျက်ရည်တွေပါကျလာသည်အထိ။
အနီးအနားမှာလဲ မိမိနဲ့ကောင်လေးကလွဲပြီး
ဘယ်သူမှရှိမနေ။

"ကောင်လေး မင်းလူမှားနေပြီထင်တယ်"

"မမှားပါဘူး ဦးလေးက တကယ်ကျနော့်ရဲ့ဖေဖေပဲ……မေမေပြတဲ့ဓာတ်ပုံထဲကအတိုင်းပဲ
အသက်နည်းနည်းကြီးသွားပေမဲ့ ခန့်ညားနေတုန်းပဲ ဖေဖေက"

နေမဝင်ချစ်ခြင်း/နေမဝင်ချစ်ခြင်း(Completed)Where stories live. Discover now