နေမဝင်ချစ်ခြင်း
🌻🌻🌻🌻🌻🌻🌻Part-7အလုပ်ကိစ္စကြောင့် မိုးထိအုပ်စိုးနိုင် အပြင်ထွက်သွားသည်။
သူပြောသွားသည့် စကားကြောင့် ညည့်နက်သည်အထိ ခါခါအိပ်မပျော်နိုင်။
မနက်ကျရင် ခါခါသူနဲ့လက်ထပ်ရမယ်တဲ့လေ။သူမရှိတဲ့အချိန်ခါခါထွက်ပြေးရမလား။
ဒါမှမဟုတ် သူပြန်မလာနိုင်ပါစေနဲ့လို့ပဲ ဆုတောင်းရမလား။
ဝေခွဲရခက်လှသည်။"က်ြီ……"
"မမလေး ဘာလိုအပ်လို့လဲ"
တံခါးဖွင့်လိုက်သည်နှင့် အခန်းပြင်က အစေခံမိန်းကလေးနှစ်ယောက်ထံမှ အသံထွက်လာသည်။
"မအိပ်ကြသေးဘူးလားဟင်"
"ဟုတ်ကဲ့ အခုကျမတို့အလုပ်ချိန်မို့ပါ
Bossပြန်မလာချင်း မမလေးနားမှာရှိနေရမှာမို့ပါ""ရပါတယ် ခါခါဘယ်မှမသွားပါဘူး
ညည့်နက်နေပြီ သွားအိပ်ကြလေ""Bossအမိန့်မို့နာခံရတာပါမမလေး
မမလေးကို မယုံလို့မဟုတ်ပါဘူး""အော် ဟုတ်"
"မမလေး ဘာလိုချင်လို့လဲ"
"ရေ…ရေသောက်ချင်လို့ပါ"
မလွယ်သည့်အခြေအနေမှာ ခါခါလိမ်ပြောလိုက်ရသည်။
"ခဏစောင့်ပါမမလေး ကျမသွားယူလာခဲ့ပါ့မယ်"
"နေပါ ခါခါကိုယ့်ဘာသာသွားယူပါ့မယ်"
"မမလေး အခန်းထဲကပဲစောင့်ပါ"
နံပါတ် 32သည် ကျန်နေသည့် နံပါတ် 33အား
မျက်ရိပ်ပြလိုက်တော့ နံပါတ်33က ခါခါ့ကို အခန်းထဲပြန်ဝင်ခိုင်းပြီး တံခါးပိတ်သည်။ဒီအိမ်ကBossရော အစေခံတွေရော ဘာလို့များ
တစ်ပုံစံထဲတွေဖြစ်နေရပါလိမ့်။
လူကိုနည်းနည်းလေးမှ အလွတ်မပေးကြတာ ခါခါစိတ်တိုရသည်။
ဖြစ်ချင်ရာဖြစ်ဆိုပြီး ပြတင်းပေါက်ကခုန်ချရန်ကြံစည်ပြန်တော့လဲ အောက်မှာရှိနေသည့် အစောင့်တွေက ပုရွက်စိတ်အုံအလား။စိတ်လျော့ကာ ခေါင်းအုံးပေါ်လှဲချလိုက်တော့ ဖျတ်ခနဲပေါ်လာသည်က သူရဲ့သေနတ်။
ခေါင်းအုံးကို အမြန်ဖယ်ကာ ကြည့်လိုက်တော့
ငိုချင်သွားသည်။
YOU ARE READING
နေမဝင်ချစ်ခြင်း/နေမဝင်ချစ်ခြင်း(Completed)
Romanceနာကျင်ခြင်းတွေကချိုမြိန်တယ်ဆိုတာ နေမဝင်တဲ့ကိုယ့်ချစ်ခြင်းတွေ မင်းမြင်ပါစေ/နာကျင်ခြင်းတွေကချိုမြိန်တယ်ဆိုတာ နေမဝင်တဲ့ကိုယ့်ချစ်ခြင်းတွေ မင်းမြင်ပါစေ