Part 19

489 17 1
                                    

နေမဝင်ချစ်ခြင်း
  🌻🌻🌻🌻🌻🌻🌻Part-19

"မနက်ဖြန်ဆေးရုံသွားကြမယ်နော်Princess"

"မသွားချင်ဘူး ခါခါကြောက်တယ်"

မနက်မိုးလင်း မျက်စိနှစ်လုံးပွင့်ကတည်းက
သူမလေးကိုချော့မော့ကာ ဆေးရုံမှာလိုအပ်သည်များစစ်ဆေးဖို့ခေါ်နေခြင်း။
ကြောက်သည်ဟုဆိုကာ ဘယ်လိုမှပြောမရ။
ကျနော်မငြီးမငြူ ချော့ပြောနေတာ နေ့တစ်ဝက်ရှိပြီဖြစ်သည်။

အလုပ်တွေအကုန်ပစ်ထားပြီး သူမလေးအနားမှာပဲ နားဝင်အောင်ပြောနေရခြင်း။
မနေ့ကကိုယ်တိုင်လုပ်သည့်အီကြာကွေးနှင့်
သင်္ဘောသီးထောင်းကြောင့် လူကမအီမသာဖြစ်ခြင်နေသည်။

သို့သော်လည်းကိုယ်နေမကောင်းတာထက် သူမလေးက အရေးကြီးသည်မို့ စိတ်ရှည်ရှည်ဖြင့်ပြောနေရခြင်း။
ပေါက်စလေး လနုသေးတဲ့အချိန်မှာ သွားပြီးစစ်ထားမှ Princessအတွက် အန္တာရာယ်ရှိတယ်လိုလျှင် စောစောစီးစီးလက်လွှတ်လို့ရမည်ဖြစ်သည်။
ပေါက်စသာအရွယ်ရောက်လာလျှင် စွန့်လွတ်ဖို့ခက်ခဲသွားမှာစိုးသည်။

အဟား……ကျနော်ကဘယ်လိုဖခင်ပါလိမ့်နော်။
ကိုယ့်ကလေးကို စွန့်ပယ်ဖို့အထိတွေးနေမိသည်။
ပေါက်စသာသိရင်ကတော့ ကျနော့်ကိုစိတ်ဆိုးမှာသေချာသည်။
သူ့ကိုကျနော်ကမချစ်ဘူးလို့လဲထင်နိုင်သည်။
ဟုတ်ပါတယ်လေ……ကျနော်က Princessကိုပဲအချစ်ဆုံး။
ပေါက်စလေးကိုချစ်ပေမဲ့ Princessကိုတော့ အထိခိုက်မခံနိုင်ပါ။
Princessအတွက်ကျနော်ဘယ်သူ့ကိုမဆို
စွန့်ပစ်နိုင်ပါသည်။
သူမကသာကျနော့်အတွက်တစ်ခုတည်းသောရှေးရှူ ရာပါ။

"Princessရယ် မဆိုးစမ်းနဲ့ကွာ
လိုအပ်လို့သွားမှာလေ ဘာကြောက်စရာရှိလို့လဲ"

"ခါခါကြောက်ပါတယ်ဆို တကယ်လို့ ခါခါ့ကြောင့် ကလေးတစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ"

"ဘာမှမဖြစ်အောင်လို့ လိုအပ်တာကို ကာကွယ်ရမှာလေ အိမ်မှာနေယုံနဲ့ကိုယ်ရောPrincessရော ဘာမှမသိနိုင်ဘူးလေ"

"အီး……ဟီး……မသွားချင်ဘူး
ကြောက်တယ်…မသွားချင်ဘူး"

"ကျွတ်……"

နေမဝင်ချစ်ခြင်း/နေမဝင်ချစ်ခြင်း(Completed)Where stories live. Discover now