Part 22

545 21 0
                                    

နေမဝင်ချစ်ခြင်း
  🌻🌻🌻🌻🌻🌻🌻Part-22

မအားမလပ်နိုင်အောင် များပြားလွန်းသည့်အလုပ်တွေကြောင့် တစ်လနီးပါးလောက် Princessကို အဆက်အသွယ်မလုပ်ဖြစ်ခဲ့။
တစ်ရက်မှာ နှစ်နာရီတောင်ပြည့်အောင်ပင် မအိပ်ခဲ့ရ။
ရုတ်တရက် ဗရပ်းပတာဖြစ်သွားသည့် အလုပ်တွေကြောင့် ဖြေရှင်းလိုက်ရသည်က အရင်းအနီးများစွာ။

ကိုယ်တိုင်မဆက်သွယ်နိုင်ခဲ့သော်လည်း သူမများဆက်သွယ်လာလေမလားဆိုပြီး မျှော်မိတာလဲအကြိမ်ကြိမ်။
သူမဟာကိုယ့်မျက်နှာတစ်ခုကိုသာ ဂရုစိုက်သူမို့
မဆက်သွယ်လာသော်လည်း မငြို ငြင်နိုင်။

စိတ်ဆိုးနေမည်ဆိုတာလဲအသေအချာသိသည်။
သိပ်ချစ်သည် မြတ်နိုးသည်ဆိုကာ ပစ်ထားသလိုဖြစ်ခဲ့သည်က ကိုယ်ပဲမဟုတ်လား။
အိမ်ပြန်ရောက်လျှင် လွမ်းနေရသည့် ခန္ဓာငယ်အား ရင်ခွင်ထဲထည့်ကာ ချော့မည်ဟုတွေးထားရင်း နှုတ်ခမ်းတွေက လွတ်လပ်စွာပြုံးနေခဲ့သေးသည်။

ကိုယ်ပိုင်လေယာဉ်နှင့်မို့ မကြာသည့်အချိန်အတွင်းမှာ အဆင်သင့်စောင့်နေသည့်ကားပေါ်သို့ပြောင်းတက်ခဲ့သည်။
အိမ်ကိုသာတမ်းမောင်းခိုင်းလိုက်ပြီး လှုပ်ခတ်နေသည့်နှလုံးသားကို ထိကပ်ကာPrincessကိုချစ်ကြောင်း ခပ်တိုးတိုးရေရွတ်လိုက်မိသည်။

တွေ့ရတော့မည်ဆိုကာမှ နှလုံးသားကဟာတာတာဖြစ်ချင်နေသလို။
ဘာကိုစိတ်အလိုမကျမှန်းမသိ ရုတ်တရက်ရင်ဘတ်ကအောင့်ချင်လာသည်။
မွန်းကျပ်လာသည့်စိတ်ကြောင့် နက်ခ်တိုင်ကိုလျှော့ချပစ်လိုက်သော်လည်း တင်းကျပ်ကျပ်ဖြစ်နေသည့် ရင်ဘတ်ကပို၍ဆိုးလာသလို။

အိမ်ကြီးရှေ့ကားထိုးရပ်သည်နှင့် ချက်ချင်းပွင့်လာသည့် ခြံတံခါး။
တဖြေးဖြေးမောင်းဝင်နေသည့်ကားပေါ်ကနေ
လှမ်းကြည့်မိသည်က သူမရှိရာ အခန်းစီသို့။

"Boss"

ရုတ်တရက်အိမ်ထဲဝင်လာသည်မို့ အလုပ်သမားတွေအားလုံး ပြာယာခတ်သွားကြပြီး
ချက်ချင်းဦးညွှတ်လာကြသည်။

"လုပ်စရာရှိတာဆက်လုပ်ကြပါ"

ထိုမျှသာပြောပြီး အပေါ်ထပ်လှေကားစီတက်ခဲ့သည်။

နေမဝင်ချစ်ခြင်း/နေမဝင်ချစ်ခြင်း(Completed)Where stories live. Discover now