Part 4

891 43 4
                                    

နေမဝင်ချစ်ခြင်း
  🌻🌻🌻🌻🌻🌻🌻Part-4

ခါခါဘေးတွင် ပုံလျှက်ရှိသော မနည်းမနောသံကြိုးပုံကြီးကို ကြည့်ကာ မျက်ရည်ပေါက်ပေါက်ကျမိသည်။

ဦးမိုးထိအုပ်စိုးနိုင်ရော ပိုင်စိုးသူပါ လုပ်ရက်လွန်းသည်။
ဦးမိုးထိအုပ်စိုးနိုင်ကရော ခါခါ့ကို သဘောကျတယ်ဆိုပြီး ဘာလို့သံကြိုးနဲ့ချည်ဖို့အမိန့်ပေးရက်ရတာလဲ။
ပိုင်ကတော့ ခါခါ့ကိုချစ်တယ်ဆိုပြီး ဘာလို့ Bossခိုင်းတဲ့အတိုင်းလုပ်ရတာလဲ။

"မုန်းတယ်……မုန်းတယ်……"

*ချွမ်……ချွမ်*(သံကြိုးမြည်သံ)

ချည်ထားသောသံကြိုးတို့ကို ဆွဲဖြုတ်သော်လည်းမရ။
သော့ခလောက်အကြီးကြီးကိုခတ်ထားခဲ့သည်မို့
ခါခါဘယ်လောက်ပင် ကြိုးစားသော်လည်း အချည်းနီးသာဖြစ်သည်။

အော်ငိုရလွန်းလို့အသံတွေပင်ဝင်ကာ မျက်လုံးတွေလဲနာနေပြီဖြစ်သည်။
အကူညီတောင်းစရာလဲ လူမရှိသည်မို့ အားလျှော့လိုက်ရပြီး ခုတင်ပေါ် ခေါင်းလေးတင်ကာ အိပ်ပျော်သွားတော့သည်။

အခန်းထဲက Princess အသံတွေငြိမ်သွားမှ
ကျနော်ဝင်လာခဲ့သည်။
ခုတင်ဘေးတွင် ခေါင်းလေးစောင်းကာ အိပ်ပျော်နေသောသူမ။
ငိုရလွန်းလို့ မောသွားသည်ထင်ပါ့။

ပွေ့ချီကာ ခုတင်ပေါ်တင်ပေးလိုက်ပြီး
ကောင်းကောင်းအိပ်စေလိုက်သည်။
မခြောက်သေးသည့် မျက်ရည်စီးကြောင်းတို့ကို
သုတ်ပေးပြီး မျက်ဝန်းလေးတွေပေါ် နမ်းလိုက်သည်။

"မဆိုးပါနဲ့လား Princessရယ်
ကိုယ်မင်းအပေါ် မရက်စက်ချင်ဘူး"

"အင့်……ဟင့်……"

ရှိုက်သံလေးတွေထွက်လာပြီး ကျနော့်အကျီ င်္ကိုဆွဲကာ ရင်ခွင်ထဲတိုးဝင်လာသည်မို့ အသက်အောင့်လိုက်မိသည်။
သူမကြောင့် ခုန်နေတဲ့ ကျနော့်ရင်ခုန်သံတွေကြောင့် နိုးသွားမှာစိုးသည်။

အနားကနေထွက်သွားဖို့ပြင်သော်လည်း ရင်ဘတ်ကိုဆွဲထားသည့် လက်လေးတွေက လွှတ်မပေးတာမို့ သူမကိုရင်ခွင်ထဲထည့်ကာသာ အနားယူလိုက်ရသည်။

နိုးလာတဲ့အခါ ကိုယ့်ကိုလူယုတ်မာလို့တော့
မစွပ်စွဲပါနဲ့ Princess။
ကိုယ်အမှန်တကယ်ယုတ်မာမိရင် မင်းနာကျင်ရလိမ့်မယ်။
               🌻🌻🌻🌻🌻🌻🌻

နေမဝင်ချစ်ခြင်း/နေမဝင်ချစ်ခြင်း(Completed)Where stories live. Discover now