နေမဝင်ချစ်ခြင်း
🌻🌻🌻🌻🌻🌻🌻Part-13အခန်းထဲကနေ မထွက်ဖြစ်တာ1ရက်တိတိရှိပြီ
ဖြစ်သည်။
ဘယ်သူကမှ ခါခါ့ကိုလာမခေါ်သလို ကိုယ်တိုင်လဲ အခန်းထဲကမထွက်ဖြစ်။
ခြောက်ချားဖွယ် အတိတ်အိပ်မက်ထဲက ရုန်းထွက်နေရသည်မို့ လူကအားအင်မရှိတော့။
ခြေတစ်လှမ်းရွေ့ဖို့ပင် အနိုင်နိုင်ဖြစ်နေတာကြောင့် အခန်းထောင်ကနေ မရွေ့နိုင်သေး။ဒီလိုအနေအထားမျိုးကိုခါခါမကြုံတာ နှစ်အတော်များများကြာပြီဖြစ်သည်။
အတိတ်အိပ်မက်ဆိုးကြီးကို ပြန်မက်တဲ့အချိန်တိုင်း ခါခါ့အနားမှာ ပိုင်ကရှိနေပေးခဲ့သည်။တုန်လှုပ်နေမိသည့်ဒီအချိန်မှာ ပိုင့်ကိုသာ ခါခါတမ်းတမိသည်။
ရောက်မလာနိုင်မှန်းသိပေမဲ့ ခါခါ့အနားကို တစ်စုံတစ်ယောက်လောက် လာပြီးဖက်ထားပေးကြပါလားကွယ်။မှောင်မည်းနေသည့်အခန်းကြောင့် နေ့လားညလားခါခါမသဲကွဲတော့။
လှုပ်ရှားမှုမရှိသည့်ခြေလက်တွေက အထိအတွေ့ကိုမသိနိုင်ဘဲရှိသည်။
ခေါင်းထဲက ထိုးကိုက်နေသည့်ဝေဒနာကတရိပ်ရိပ်။
နားထဲက တိုးသဲ့သဲ့အသံက မည်သူ့အသံမှန်းလဲမသဲကွဲ။
သို့သော် ထိုအမည်နာမအား လူတစ်ယောက်ကသာ စွဲမြဲစွာခေါ်လေ့ရှိတာကိုတော့ ခါခါသိနေသည်။
🌻🌻🌻🌻🌻🌻🌻🌻ကျနော်ဂျပန်ကနေပြန်လာတော့ အိမ်ကြီးထဲတွင်
မာယာပျို အားတွေ့လိုက်ရသောကြောင့် စိတ်ထဲထင့်သွားရသည်။
ထိုမိန်းမအား အပြစ်မဆိုအားသေးတာကြောင့်
အိမ်ထဲကနေသာ ထွက်သွားခိုင်းလိုက်သည်။ကျနော့်အတွက်အရေးကြီးနေတာ Princessပဲမဟုတ်လား။
4ရက်ကြီးများမတွေ့ရသည်မို့ ကျနော်သူမကိုတွေ့ချင်လှသည်။"Boss……"
အစေခံ၏ခေါ်သံကို ဂရုမစိုက်နိုင်ဘဲ ကျနော်အပေါ်ထပ်အခန်းစီသာ အမြန်တက်လာခဲ့သည်။
ကျနော်ချစ်ရတဲ့ Princessက ဒီအချိန်ဆို ဇိမ်ယူနေမှာလေ။အခန်းတံခါးကိုဖွင့်တော့ လော့ချထားသည်မို့
လက်ဗွေနှင့်သာဖွင့်လိုက်သည်။"Princessရေ……"
မှောင်မိုက်နေသည့်အခန်းကြောင့် စိုးရိမ်စိတ်ကဝင်ရောက်လာသည်။
YOU ARE READING
နေမဝင်ချစ်ခြင်း/နေမဝင်ချစ်ခြင်း(Completed)
Romanceနာကျင်ခြင်းတွေကချိုမြိန်တယ်ဆိုတာ နေမဝင်တဲ့ကိုယ့်ချစ်ခြင်းတွေ မင်းမြင်ပါစေ/နာကျင်ခြင်းတွေကချိုမြိန်တယ်ဆိုတာ နေမဝင်တဲ့ကိုယ့်ချစ်ခြင်းတွေ မင်းမြင်ပါစေ