Part 2

1.3K 55 0
                                    

နေမဝင်ချစ်ခြင်း
🌻🌻🌻🌻🌻🌻🌻Part-2

"Boss"

"what ဘာလို့အဲ့လောက်အော်တာလဲ Princessရယ်"

သူမ၏ အထိတ်တလန့် အော်သံကြောင့်
ကျနော် ကြည့်နေတာပင် အရှိန်ပျက်သွားရသည်။
မျက်လုံးကို အကျယ်ဆုံးပြူးကာ ကျနော့်ကိုကြည့်နေရင်း နောက်ကိုတဖြေးဖြေးဆုတ်သွားသည်။

"Boss……Boss ဟုတ်တယ် Bossပဲ
ငါတော့သေပြီ"

စောစောက သေနတ်သံတွေကြောင့် ထိတ်လန့်နေသည်မို့ ခါခါ့ကို ကာကွယ်ပေးနေတာဘယ်သူဘယ်ဝါဆိုတာလဲ သတိမထားမိခဲ့။
အခုအကြောက်ပြေသွားမှ ကယ်တင်ရှင်အား
သေချာကြည့်မိတော့ မျက်မှန်းတမ်းမိသော မျက်နှာပိုင်ရှင်။
ခါခါ့ရဲ့အလုပ်ရှင်ဖြစ်သလို လျှမ်းလျှမ်းတောက်ချမ်းသာကြွယ်ဝကာ မည်သူမဆို ခေါင်းမော့မကြည့်ရဲလောက်အောင် သြဇာကြီးမားလွန်းသော မိုးထိအုပ်စိုးနိုင် ဆိုသည့် Boss။

မျက်လုံးချင်းဆုံမိရင်တောင် အလိုမကျလျှင်
သတ်ပစ်တက်သော Bossဆိုသည့်လူကို
ခါခါက ကြည့်မိယုံတင်မကဘဲ သူ့ရင်ခွင်ထဲအထိပါ ဝင်ခဲ့သည့်အပြင် သူ့ကိုလဲ လူဆိုးမှန်း လူကောင်းမှန်းမသိသောသူများနှင့် တိုက်ခိုက်အောင်လုပ်ခဲ့မိသေးသည်။

အဲ့ဒီအပြစ်နဲ့မသေရင်တောင် သူ့ကားပေါ်လိုက်စီးခဲ့လို့ အသတ်ခံရမည်မှာအသေအချာ။
သူက ကားပေါ်တက်ဖို့ ခေါ်သော်လည်း မည်သူမည်ဝါဆိုတာ ခါခါအစထဲကကြည့်ခဲ့သင့်သည်။

ပိုင် ကပြောဖူးသည်။
Bossက သူ့ကားပေါ်ကို မိန်းကလေးတစ်ယောက်ခေါ်ဖို့ လူစိမ်းခေါ်ဖို့ မဆိုထားနှင့် ကားကိုထိရင်တောင် ကြိုက်တဲ့သူမဟုတ်ကြောင်း။
အခုများတော့ ခါခါက သူ့ကားရဲ့နောက်ပိုင်းကို
အစိတ်စိတ်အမွှာမွှာဖြစ်အောင် လုပ်သလိုဖြစ်ရသည်။

ဖေဖေနဲ့မေမေမွေးပေးသော ခါခါ့ခန္ဓာသည်
ယနေ့ Bossလက်ထဲတွင် အိုးစားကွဲရတော့မည်။
အသတ်ခံရမည်ကိုတွေးမိတော့ မျက်ရည်က အလုအယက်ကျချင်လာသည်။
သို့သော် မျက်နှာထားကြီးနှင့် ကြည့်နေသည့် Bossကြောင့် နောက်ဆုတ်နေသော ခြေလှမ်းများလဲ ရပ်သွားရပြီး ကျမည့်မျက်ရည်သည်လဲ တစ်ဝက်တစ်ပျက်သာ တစ်၍နေသည်။

နေမဝင်ချစ်ခြင်း/နေမဝင်ချစ်ခြင်း(Completed)Where stories live. Discover now