Part 20

522 23 2
                                    

နေမဝင်ချစ်ခြင်း
  🌻🌻🌻🌻🌻🌻🌻Part-20

"Princess"

မာယာပျို ၏အဖေပြန်သွားသည့်တိုင်Princessက
မလှုပ်မယှက်ထိုင်နေဆဲ။

"ငါ့သမီးသာ ငါ့စီပြန်ရောက်မလာရင်
မင်းတို့နှစ်ယောက်လုံး သေကွဲကွဲဖို့သာ ပြင်ထား"ဟူသော Red Dagronခေါင်းဆောင်၏
ခြိမ်းခြောက်မှုကို စိုးရွံနေဟန်ရှိသည်။

"Princess ကိုယ့်ကိုကြည့်စမ်း
အဲ့လိုကြီးမနေပါနဲ့ကွာ ……ကိုယ်ရှိတယ်လေ
ကိုယ့်ကိုမယုံဘူးလား"

"ဟင့်…ကိုကို…ဘယ်လိုလုပ်မလဲဟင်
မာယာပျို ပြန်မလာရင် အဲ့လူက ကိုကို့ကိုဒုက္ခပေးမှာ ဟင့်…"

"ဘာမှလုပ်စရာမလိုဘူးလေအချစ်ရယ်
မာယာပျို ပြန်လာမှာပါ…သူပြန်မလာရင်တောင်
ကိုယ့်ကိုဘယ်သူမှဒုက္ခပေးလို့မရဘူး
ကိုယ်က မိုးထိအုပ်စိုးနိုင်ဆိုတာ မမေ့နဲ့လေကွာ
ဒီကိစ္စလောက်ကို ကိုယ်အကောင်းဆုံးဖြေရှင်းနိုင်တယ် ဘာကိုမှကြောက်စရာမလိုဘူး"

ဘယ်အရာကိုအားငယ်သည်မန်းမသိသော်လည်း ခါခါအားငယ်နေမိတာအမှန်။

"ဗိုက်ဆာနေပြီမို့လား
ထမင်းစားရအောင်နော် ကိုယ်ခွံ့ကျွေးမယ်"

"တိတ်ပါအချစ်ရယ် မျက်ရည်တွေနဲ့ရုပ်ဆိုးနေပြီ
ဒီမျက်ရည်တွေက ကိုယ့်ကိုနာကျင်စေလို့ မငိုနဲ့"

"ကြည့်စမ်း နှာခေါင်းလေးတွေတောင်ရဲနေပြီ
တကယ်ပါပဲ မွေးခါစ ကလေးပိစိလေးကျလို့"

နှာခေါင်းထိပ်လေးကို ခပ်ဖွဖွဆွဲညစ်ကာ ကျီဇယ်နေမိသည်။
မို့အစ်လာသည့် မျက်ခွံလေးတွေကို နမ်းကာ
Princessကို ပွေ့ချီလိုက်သည်။
ထမင်းစားခန်းထဲရှိထိုင်ခုံမှာထိုင်စေတော့
လည်ပင်းကိုဖက်ထားသည့် လက်ကလေးတွေက လွှတ်မပေး။

"ဘာလို့လဲ ကိုယ့်ရင်ခွင်ထဲထိုင်ချင်လို့လား"

မျက်နှာရဲရဲလေးနှင့်ခေါင်းငြိမ့်ပြတော့ ကျနော်အသဲတွေ တစ်စစီကြွေရပြန်သည်။
အလုပ်သမားတွေကို မျက်ရိပ်ပြကာ ထွက်သွားစေလိုက်တော့ ထမင်းစားခန်းတွင် ကျနော်တို့နှစ်ယောက်သာကျန်ခဲ့သည်။

နေမဝင်ချစ်ခြင်း/နေမဝင်ချစ်ခြင်း(Completed)Where stories live. Discover now