Part 5

857 34 0
                                    

နေမဝင်ချစ်ခြင်း
  🌻🌻🌻🌻🌻🌻🌻Part-5

မနက်4နာရီလောက်အထိ စာအုပ်တွေဖတ်နေခဲ့ပြီးမှ အခန်းတံခါးကို လက်ဗွေနှင့်ဖွင့်ကာ ဝင်လာခဲ့လိုက်သည်။

မနေ့ညနေက ပို့ထားသော ညနေစာပန်းကန်များသည် အရာမယွင်း။
ထို့အပြင် ခုတင်ပေါ်တွင်မဟုတ်ဘဲ ကြမ်းပြင်တွင်အိပ်နေသော Princess။

ရာသီဥတုကမအေးသော်လည်း ကြမ်းခင်းတို့သည် အေးစက်နေတာကြောင့် နေမကောင်းဖြစ်မှာကို ကျနော်စိုးရိမ်သွားရသည်။
အစာငတ်ခံဆန္ဒပြယုံ နေမကောင်းဖြစ်ပြယုံနှင့်
ကျနော်က သူမကို စွန့်လွတ်မည်မဟုတ်မှန်း Princess သိပုံမရ။

အေးစက်စက် Princessခန္ဓာကိုယ်လေးကို ခုတင်ပေါ်တင်ကာ စောင်ထူထူကို လွှမ်းခြုံပေးလိုက်သည်။
ထို့နောက် ကိုယ်တိုင်လဲ ဘေးတွင်ဝင်လှဲပြီး သူမကိုရင်ခွင်ထဲထည့်ကာ အိပ်ပျော်ဖို့ကြိုးစားလိုက်သည်။

*Ti~~~Ti~~~*

ပုံမှန်မ်ာနေကျနှိုးစက်သံက ခုတင်ခေါင်းရင်းမှဖြစ်သည်။
Princessနိုးသွားမည်စိုးတာကြောင့် အမြန်ပိတ်လိုက်ရသည်။

တစ်ညလုံးမအိပ်ထားသည်မို့ ခေါင်းထဲကညစ်စိစိဖြစ်လို့နေသည်။
ခေါင်းကိုခါယမ်းပြီးနောက် အိပ်မောကျနေဆဲ Princessကို ငုံ့ကြည့်လိုက်တော့ နှုတ်ခမ်းလေးအနည်းငယ် ဟနေသည်။
တခါတရံ စုချွန်လာသည့် နှုတ်ခမ်းလေးက ကြမ်းရမ်းချင်စိတ်တို့ တဖွားဖွားဖြစ်ပေါ်သည်။
အခုတောင် ကျနော့်ကို အမြင်မကြည်ဖြစ်နေတာ
သွားပြီးကြမ်းလိုက်ရင် ဘယ်တော့မှ အမြင်ကြည်လာမည်မဟုတ်။

"မာနကလဲကြီးလိုက်တာ Princessရယ်
ကိုယ့်ကိုနည်းနည်းလေးဖြစ်ဖြစ် အကောင်းမြင်ကြည့်ပါလားကွာ"

တစ်ကိုယ်ထဲမချင့်မရဲစကားဆိုပြီး အနည်းငယ်ဟသော နှုတ်ခမ်းပါးလေးကို အသံမြည်သည်အထိ စုပ်ယူနမ်းလိုက်သည်။
အင်းအဲညည်းကာ ပြန်ငြိမ်ကျသွားသည်မို့
ကျနော်ပြုံးနေမိပြန်သည်။
Princessအနားမှာအမြဲနေချင်သော်လည်း
လုပ်စရာအလုပ်တွေရှိနေသေးသည်မို့ ပုံမှန်အတိုင်း မနက်ခင်းကို အစပြုရပြန်သည်။

မျက်နှာသစ်ပြီး ပြန်ထွက်လာတော့ ခုတင်ပေါ်တွင်ထိုင်ကာ မကျေမနပ်ကျနော့်အားကြည့်နေသော Princess။

နေမဝင်ချစ်ခြင်း/နေမဝင်ချစ်ခြင်း(Completed)Where stories live. Discover now