Part 12

536 23 6
                                    

နေမဝင်ချစ်ခြင်း
  🌻🌻🌻🌻🌻🌻🌻Part-12

"Boss ဒီနေ့အရောင်းအဝယ်မှာ
Bossကိုယ်တိုင်လိုက်မှဖြစ်မယ်ထင်တယ်"

"ဘာလို့လဲပိုင်စိုးသူ မင်းပါနေတာပဲ
အဆင်မပြေဘူးလား"

ကျနော် ဂျပန်ကိုရောက်တာ နှစ်ရက်ရှိပြီဖြစ်သည်။
ဆက်တိုက်ဖြေရှင်းနေရသောအလုပ်ကိစ္စတွေကြောင့် အိပ်ချိန်ကိုတောင်လုယူနေရသည်။
ကျန်ခဲ့သည့် Princessကိုလဲ ဖုန်းမဆက်နိုင်သေး။
သူမကျနော့်ကိုစိတ်ကောက်နေမလား။

"အခုဝယ်မဲ့သူက သံအမတ်ကြီးမို့လို့
Bossနဲ့လဲတွေ့ချင်တဲ့အကြောင်းပြောထားလို့ပါ
Bossကိုယ်တိုင်ဆိုရင် ပိုပြီးအကျိုးအမြတ်ရနိုင်ပါတယ်"

"ဖြစ်နိုင်ရင် အလုပ်တွေကို မင်းစီလွှဲထားခဲ့ချင်တာ ငါPrincessစီပြန်ချင်ပြီကွာ ဟူး……"

"မနက်ဖြန်ဖြစ်ဖြစ်ပြန်ချင်ပြန်လိုက်ပါBoss
ကျန်တဲ့ဝယ်သူတွေကိုတော့ ကျနော်အကျိုးအကြောင်းပြောလိုက်ပါ့မယ် နောက်မှ Bossနဲ့မမလေး ဟန်းနီးမွန်းလာခဲ့ကြပေါ့"

"ငါမင်းကိုပဲယုံတယ်ဆိုတာ သိတယ်မို့လားပိုင်စိုးသူ……အဟန့်အတားတစ်ခုခုရှိလာရင် ချက်ချင်းရှင်းလိုက်"

"စိတ်ချပါBoss"

"သံအမတ်နဲ့ကဘယ်ချိန်တွေ့မှာလဲ"

"ည9နာရီမှပါ သံအမတ်အိမ်တော်ကိုလာခဲ့ဖို့
ဖိတ်ကြားထားပါတယ်"

"ဘိုးတော်က တော်တော်လေးရဲတင်းလာတာပဲ
အိမ်အထိတောင်ဖိတ်တယ်ဆိုတော့"

"Boss ကျနော် ညစာစီစဉ်ခိုင်းထားလိုက်ရတော့မလား"

"ထားလိုက် ငါမစားချင်သေးဘူး"

"ဟုတ်ကဲ့ Boss……"

စကားသံတွေတိတ်ဆိတ်သွားပြီးနောက်
Bossက lattopကိုဖွင့်ကာ ရှုထောင့်အမျိုးမျိုးမှရှိနေသော ခါခါ့ပုံတွေကို အချစ်အပြည့်ပါသော
မျက်လုံးတွေနှင့် ကြည့်နေသည်။

Bossက ခါခါ့ကို သိပ်ချစ်မှန်း ပိုင်စိုးသူသိသော်လည်း ခါခါ့ကို လက်မလွှတ်နိုင်ပါ။
တကယ်ဆို Bossက ဘဝအမှန်ကို မေ့နေတက်သူမဟုတ်လား။

နေမဝင်ချစ်ခြင်း/နေမဝင်ချစ်ခြင်း(Completed)Where stories live. Discover now