နေမဝင်ချစ်ခြင်း
🌻🌻🌻🌻🌻🌻🌻Part-3တစ်လှိမ့်လှိမ့်မောင်းထွက်သွားသော
ကားကြီးကြောင့် ခါခါကြောက်စိတ်က
ပိုလာရသည်။
တစ်ခါမှ မမြင်ဖူးသော လူစိမ်းများ။
ကားမောင်းနေသူ အပါအဝင် ခါခါ့ဘေးတွင်လဲ လူနှစ်ယောက် ညှပ်ထားကြသေးသည်။
ကားတံခါးကို မရမကတိုးဖွင့်ဖို့လဲ မရဲ။
ခါခါ့ကို လည်ပင်းညစ်သတ်ရင် ဘာမှတက်နိုင်မည်မဟုတ်။ကားထဲတွင် အသံကုန်သာ အော်ငိုပစ်လိုက်သည်။
ခါခါသတိထားလိုက်မိသည်။
ခါခါအော်ငိုရင် ကားထဲကလူကြီးတွေ မျက်နှာရှုံ့မဲ့သွားကြပြီး နားကိုလက်နှင့်ပိတ်ကြသည်။"အီး……ဟီး……ဗြဲ……ဗြဲ……"
"တောင်းပန်ပါတယ် မမလေး"
ဟုဆိုကာ ခါခါနှာခေါင်းကို ပုဝါတစ်ခုနှင့်လာအုပ်သည့်နောက် ခါခါဘာမှမသိလိုက်တော့။
🌻🌻🌻🌻🌻🌻🌻"ဖြောင်း……ဖြောင်း……"
ရိုက်သံနှစ်ချက်ဆင့်သွားသည့်နောက် လူနှစ်ယောက် အနက်ရောင် ကြမ်းပြင်ပေါ် ဝပ်ကျသွားသည်။
သို့သော်လည်း ထိုလူနှစ်ယောက်က လဲနေရာမှချက်ချင်းထကာ ဒူးထောက်ကြသည်။"ကျနော်တို့မှားသွားပါတယ် Boss
ခွင့်လွတ်ပေးပါ""မင်းတို့ကို ငါဘာပြောလိုက်လဲ
ဟမ်……""မမလေးကို ခေါ်လာဖို့နဲ့
မမလေးကို ထိခိုက်အောင်မလုပ်ဖို့ပါ""အေး အဲ့ဒါကို မင်းတို့ဦးနှောက်တွေက မမှတ်ထားဘူးလား သေချင်လို့ မေ့ဆေးသုံးလိုက်တာလား ဟမ်……"
"မဟုတ်ပါဘူး Boss မမလေးက တအားအော်ငိုနေလို့ပါ"
"ဟား……Princess အော်ငိုတာနဲ့ပဲ မင်းတို့ကနားငြီးလို့ မေ့ဆေးသုံးလိုက်တယ်ပေါ့
ဟုတ်လား""………"
"ငါမေးနေတယ်လေ သောက်ပါးစပ်တွေက ပိတ်မနေနဲ့"
"ဟုတ်…ဟုတ်ပါတယ် Boss"
"တောက်! မင်းတို့……
ကွာ…ငါလုပ်ရင်သေတော့မယ်
နောက်မှတ်ထား……Princess ငိုသံကြောင့်
မင်းတို့နားတွေ ပူထူယုံမကလို့ အူပြီးသွေးတောက်တောက်ကျရင်တောင် သူ့ကိုမထိနဲ့ ကြားလား"
YOU ARE READING
နေမဝင်ချစ်ခြင်း/နေမဝင်ချစ်ခြင်း(Completed)
Romanceနာကျင်ခြင်းတွေကချိုမြိန်တယ်ဆိုတာ နေမဝင်တဲ့ကိုယ့်ချစ်ခြင်းတွေ မင်းမြင်ပါစေ/နာကျင်ခြင်းတွေကချိုမြိန်တယ်ဆိုတာ နေမဝင်တဲ့ကိုယ့်ချစ်ခြင်းတွေ မင်းမြင်ပါစေ