နေမဝင်ချစ်ခြင်း
🌻🌻🌻🌻🌻🌻🌻Part-8"ဒီမှာ……"
ခါခါ့ကို သိုင်းဖက်ကာ အိပ်ဖို့ကြိုးစားနေသည့် ထိုလူအား အသိပေးသလိုခေါ်လိုက်သည်။
"ကိုကို လို့ခေါ်"
မျက်လုံးမဖွင့်လဲ ပြန်ပြောလာသောစကားက
ခါခါ့ကို လိပ်ပြာလွှင့်စေသည်။
ကိုကိုလို့ခေါ်ရမည်တဲ့။
တွေးကြည့်တာနဲ့ ကြက်သီးထဖွယ်သော အမည်နာမ။"ရှင့်လက်ကိုဖယ် အဲ့လိုဖက်ထားရင် ခါခါမအိပ်တက်ဘူး"
"Princessမအိပ်တက်ပေမဲ့ ကိုကိုအိပ်တက်တယ်"
ဒီလူစကားကိုဘယ်လိုတွေပြောနေတာလဲ။
သူ့ကိုယ်သူ ကိုကိုဆိုပြီး ထည့်ပြောနေတာဘယ်လိုနေလဲမသိ။
ခါခါကတော့ ကြားရတာနဲ့တင် အူတွေရော အသဲတွေပါ ကျွမ်းပစ်နေသည်။"ခါခါတစ်ခုလောက်မေးချင်တယ်"
"ကိုကိုလို့ခေါ်ရင် ကြိုက်တာမေး"
"ရှင်လူပါးမဝနဲ့ မခေါ်ဘူး"
"အဲ့ဒါဆိုမမေးနဲ့ အိပ်တော့ နောက်ကျနေပြီ
ကိုယ်လဲပင်ပန်းလို့ အိပ်ချင်ပြီ""ရှင့်မျက်လုံးနဲ့ရှင်အိပ်တာ အိပ်လေ
ခါခါလဲမေးချင်တာမေးမှာပဲ""Princessက စကားတွေပြောနေရင် ကိုယ်ကဘယ်လိုအိပ်ရမလဲ"
"မျက်လုံးမှိတ်ပြီး ကျောနဲ့မွေ့ယာကပ်အိပ်ပေါ့
ဘယ်သူကမက်တပ်အိပ်ခိုင်းနေလို့လဲ""Princessကွာ စကားကို အဲ့လိုကပ်သီးကပ်ဖဲ့လဲပြောတက်တာပဲလား"
"ကပ်သီးကပ်ဖဲ့ပြောတာမဟုတ်ဘူး
ဖြစ်သင့်တာပြောပြတာ အိပ်ပါတယ်ဆိုမှ
ကျောနဲ့မွေ့ယာကပ်အိပ်ရမှာပေါ့ ပြီးတော့ ဘယ်သူက မျက်လုံးကြီးဖွင့်အိပ်မှာလဲ""တော်ပြီ တော်ပြီ ဘယ်လိုအိပ်အိပ်ရတယ်
ကိုယ်အိပ်ပြီ"ခါခါလဲပြန်ငြိမ်နေလိုက်သည်။
ပိုင့်အကြောင်း မေးသင့်မမေးသင့်လဲ စဉ်းစားနေမိသည်။
ပိုင်ကဘာလို့ ရုတ်တရက်ဂျပန်ကိုသွားရတာလဲ။
ဒီကိစ္စကို ဒီလူကြီးကလွဲပြီး ဘယ်သူမှမသိတော့ ခက်သည်။"ဒီမှာ ရှင်အိပ်ပြီလား"
"………"
"ပိုင်စိုးသူကို ဂျပန်သွားဖို့ ရှင်လွှတ်လိုက်တာလား"
YOU ARE READING
နေမဝင်ချစ်ခြင်း/နေမဝင်ချစ်ခြင်း(Completed)
Romanceနာကျင်ခြင်းတွေကချိုမြိန်တယ်ဆိုတာ နေမဝင်တဲ့ကိုယ့်ချစ်ခြင်းတွေ မင်းမြင်ပါစေ/နာကျင်ခြင်းတွေကချိုမြိန်တယ်ဆိုတာ နေမဝင်တဲ့ကိုယ့်ချစ်ခြင်းတွေ မင်းမြင်ပါစေ