Part 16

517 24 1
                                    

နေမဝင်ချစ်ခြင်း
  🌻🌻🌻🌻🌻🌻🌻Part-16

Bossက မင်္ဂလာပွဲအတွက် လိုအပ်သည်များဝယ်ရန် တပည့်တွေကို မြို့ပေါ်ပြန်လွှတ်သည်ဆိုတော့ အဘယ်အတိုင်းအတာအထိ ခါခါ့ကိုအလေးထားလဲဆိုတာ ပိုင်ခံစားလို့ရသည်။

ခါခါ့အပေါ်ထားတဲ့ Bossရဲ့အချစ်ကို သံသယမဝင်သော်လည်း ခါခါ့ကိုတော့ ဘယ်လိုမှစိတ်မချနိုင်။

ဂျပန်က Bossရဲ့လုပ်ငန်းတွေကို ခဏထားခဲ့ပြီး
ပြန်ဖို့ဆုံးဖြတ်လိုက်သည်။
Bossပြန်မရောင်ခင် မာယာပျို နဲ့တွေ့ဖို့တော့လိုအပ်သည်။

ချက်ချင်းပင် မြန်မာပြည်ပြန်ဖို့ လေယာဉ်လက်မှတ်စီစဉ်လိုက်ရသည်။
Bossပိုင်သည့်လေယာဉ်နဲ့ပြန်လျှင် တစ်နည်းမဟုတ် တစ်နည်း Bossကသိသွားနိုင်သေးသည်။
နှလုံးသားကခပ်တွေတွေဖြစ်နေသော်လည်း
ဦးနှောက်ကတော့ ခါခါ့ကို ကာကွယ်ပေးရမည်ဆိုတော့ အမိန့်ပေးနေဆဲ။
ချစ်သည်ဆိုတာထက်……သူမလုံခြုံဖို့ရာ
သူမဘဝအေးအေးချမ်းချမ်းရှိနေနိုင်ဖို့ရာကို
ပို၍တွေးပူမိသည်။
အနည်းဆုံးတော့ သူမရဲ့ကြောက်ရွံ့ခြင်းကို
တားမြစ်ပေးမည့်သူက ကျနော်ပဲဖြစ်နေစေချင်သည်။

မပိုင်ဆိုင်ခဲ့ဘူး။
ဟိုတချိန်ကရော…အခုအချိန်မှာရော။
မေသိက္ခာဆိုသော မိန်းမငယ်ကို ပိုင်ချစ်၍သာနေခဲ့ရသည်။
တန်ပြန်သော သက်ရောက်ခြင်းအနေဖြင့်
သူမစီမှာတူညီသောအချစ်တစ်ခု ပြန်လည်ရရှိခဲ့ရပြီး သူမကိုစောင့်ရှောက်ခွင့် ပိုင်အနည်းငယ်တော့ ရခဲ့သည်။

မနည်းသောနှစ်တချို့ သံယောဇဉ်က မကြာသောအချိန်တစ်ခုမှာ Bossလက်တွင်း၌ ပြတ်တောက်လုနီးဖြစ်ခဲ့ရသည်။
စွန့်လွတ်ပစ်ဖို့……မုန်းပစ်လိုက်ဖို့……မေ့ပစ်နိုင်ဖို့
ကြိုးစားချင်သော်လည်း သူမကို ပိုင်မှမချစ်ဘဲမနေနိုင်ဘဲလေ။

သူမဟာပိုင့်အတွက်တော့ တန်ဖိုးကုဋေကုဋာမကသော ရွံ့နွံအတွင်းမှ ကြာပန်းပွင့်ငယ်။
မကောင်းသော အငွေ့အသက် စက်စုပ်ဖွယ်ပတ်ဝန်းကျင်ကို အံတုကာ သူမကတော့ လှပနေခဲ့သည်။

ဤမျှအထိ အားတင်းကာ ရှင်သန်နေသော မိန်းကလေးငယ်ကို ပိုင်မည်သည့်စိတ်နှင့် ငြို ငြင်ရက်ပါ့မလဲ။
ဘယ်လိုအင်အားနဲ့ လျစ်လျူ ရှုရက်ပါ့မလဲ။
ထိတွေခွင့်။
ခူးဆွတ်ခွင့်။
ယုယခွင့်။
နမ်းရှိုက်ခွင့်။
ဘယ်လိုအခွင့်အရေးမှ မရှိရင်တောင် မြင်နေခွင့်ဆိုတဲ့ ဥပဒေတစ်ခုထဲနှင့် နောက်ဆုံးအချိန်အထိ တန်ဖိုးထားချင်မိသည်။

နေမဝင်ချစ်ခြင်း/နေမဝင်ချစ်ခြင်း(Completed)Where stories live. Discover now