နေမဝင်ချစ်ခြင်း
🌻🌻🌻🌻🌻🌻🌻Part-14တစ်လ။
မကြာလိုက်သော အချိန်ကတစ်လ။
ကျနော့်အပေါ် အမြဲတစေ ရန်တွေ့ကာ သာလိကာလေးလို စကားတွေပေါက်ပေါက်ဖောက်နေတက်သော Princessက အရင်လိုစကား
အများကြီးမပြောတော့။ကျနော်ဂျပန်ကပြန်ရောက်သည့် တစ်လအတွင်း
Princessပြုံးတာကို မမြင်ရတော့။
အမြဲလိုငေးငိုင်နေတက်သည်။
တစ်ခါတစ်ရံ တစ်ကိုယ်ထဲစကားတွေပြောကာ
မပူသေးသော ဗိုက်လေးကို ကိုင်ကာမျက်ရည်ကျနေတက်ပြန်သည်။ကျနော်မသိရသေးတဲ့ Princessအကြောင်းတွေ
စုံစမ်းသော်လည်း ဘာမှထူးခြားတာမတွေ့ရသေး။
ကျနော်ချစ်တဲ့မိန်းကလေးက အဖြူ စင်ဆုံးပဲဖြစ်မှာပါ။"Princess"
ဝရံတာမှာထိုင်နေကာ ကောင်းကင်ကိုမော့ကြည့်နေရာမှ ကျနော်ရှိရာ စောင်းငဲ့ကြည့်သည်။
"နေ့လည်စာစားရအောင် နောက်ကျနေပြီ"
ခေါင်းယမ်းပြပြီး အပေါ်ကိုသာပြန်မော့ကြည့်နေသည်။
ကျနော်သူမအနားထိသွားလိုက်ပြီး သူမဘေးနားထိုင်ကာ ခန္ဓာကိုယ်သွယ်သွယ်လေးကို ပွေ့ကာရင်ခွင်ထဲထည့်လိုက်သည်။"နေရှိန်တယ်လေ နေမကောင်းဖြစ်မှာပေါ့"
"ဟင့်အင်း ဒီတိုင်းနေလို့ကောင်းတယ်"
"ကိုယ့်ရင်ခွင်ထဲမှာထိုင်တာက ပိုပြီးနေလို့ကောင်းတာ"
ပြောရင်းခပ်တင်းတင်းဖက်လိုက်တော့ ကျနော့်ရင်ဘတ်ကို လက်ကလေးတွေကလာတွန်းသည်။
"လွမ်းတယ်"
"ဟင်"
"အဖေနဲ့အမေကိုလွမ်းတယ်"
"အင်း"
လွမ်းရှာမှာပေါ့။
ကျနော့်နဲ့လက်ထပ်ပြီးကတည်းက Princessမိဘတွေစီမသွားရသေး။"စိတ်ပူနေမှာ အဖေတို့က……"
"တွေ့ချင်လား"
"ဟင်……"
ရင်ခွင်ထဲကနေ မျှော်လင့်ချက်လေးဖြင့် မော့ကြည့်လာတော့ နှဖူးလေးကို ခပ်ဖွဖွနမ်းလိုက်သည်။
"Princess မိဘတွေစီသွားကြမယ် ဒီညနေ"
"တကယ်လားဟင်"
YOU ARE READING
နေမဝင်ချစ်ခြင်း/နေမဝင်ချစ်ခြင်း(Completed)
Romanceနာကျင်ခြင်းတွေကချိုမြိန်တယ်ဆိုတာ နေမဝင်တဲ့ကိုယ့်ချစ်ခြင်းတွေ မင်းမြင်ပါစေ/နာကျင်ခြင်းတွေကချိုမြိန်တယ်ဆိုတာ နေမဝင်တဲ့ကိုယ့်ချစ်ခြင်းတွေ မင်းမြင်ပါစေ