Part 15

538 23 0
                                    

နေမဝင်ချစ်ခြင်း
  🌻🌻🌻🌻🌻🌻🌻Part-15

"အား……ဘာလို့ လိမ်ဆွဲတာလဲ နာတယ်ကွ"

ဗိုက်ကို သာသာလေးလိမ်ဆွဲတာနဲ့များ အကဲပိုကာအသံကုန်ဟစ်နေသော ထိုလူကြီး။

"နာပါစေ ဆွဲမှာပဲ အင့်ဟယ်……"

"အ…အား……တကယ်နာတယ်Princessရဲ့"

"ဘယ်သူ့ခွင့်ပြုချက်နဲ့ ခါခါ့အိမ်ကို လုပ်ချင်တိုင်းလုပ်ပစ်တာလဲ"

"အဲ့ဒါနဲ့ပဲ ကိုယ့်ကိုလိမ်ဆွဲရလား"

"မေးတာပဲဖြေပါ ရွာကရောဘယ်လိုတောင်ဖြစ်ကုန်တာလဲ မီးတွေဘာတွေနဲ့ အဲ့ဒါလဲ ခင်ဗျားကြီးလုပ်လိုက်တာပဲလား"

"အင်း ကိုယ်ထောက်ပံ့ပေးထားတာ
ကိုယ့်ချစ်ဇနီးလေးနေတဲ့ရွာမို့လို့ အကောင်းဆုံးတွေပဲ ပေးထားတာ Princessအိမ်ကိုလဲ ကိုယ်ကကိုယ့်သဘောနဲ့ကို လုပ်တာမဟုတ်ပါဘူး
အဖေနဲ့အမေကခွင့်ပြုလို့လုပ်တာ
လူကြီးတွေကို မသေခင်မှာ ကောင်းကောင်းမွန်မွန်ထားရတာလေ သေဆုံးသွားမှ လွမ်းဆွတ်ပြီး ငိုနေရင် အပိုပဲ"

"အမယ် ဘာအဖေနဲ့အမေလဲ ဟွင့် မခေါ်နဲ့"

"ဟား…ဟား…အစွာလေး……
ထားပါ အခုအိမ်ထဲဝင်တော့လေ အထုပ်တွေကိုယ်သယ်ခဲ့မယ်"

"ပြီးရော…မြန်မြန်လာခဲ့ မဟုတ်ရင် အိမ်ပေါက်ပိတ်ထားမှာ"

Princessစကားကြောင့် ကျနော့်မှာ ဟင်ခနဲဖြစ်သွားရသေးသည်။
အိမ်ပေါက်ပိတ်ထားလို့မဖြစ်ဘူးမို့လား။
ကျနော်က Princessနဲ့မှမခွဲနိုင်ဘဲလေ။

တကယ်ဆို ကျနော့်တပည့်တွေကို ရွာလူကြီးအိမ်တမ်းမသွားခိုင်းဘဲ ဒီအထိခေါ်လာပြီး အထုပ်တွေချခိုင်းသင့်တာ။

ယောက္ခမတွေ မျက်စိရှုပ်မှာစိုးတာကြောင့်
ရွာရောက်တာနဲ့ရွာလူကြီးအိမ်မှာတည်းဖို့
မလာခင်ကတည်းက ကြိုပြောထားလိုက်မိတာ။

ကားထဲကအထုပ်အပိုးတွေချပြီး အိမ်ထဲဝင်လာတော့ သားဖတစ်စုစကားတွေပြောနေကြသည်။

"မောင်အုပ်စိုး လာထိုင်လေ
ခရီးပန်းလာကြတော့ နားချင်လဲနားကြ"

ကျနော်လဲ ယောက္ခထီးဘေးနားဝင်ထိုင်လိုက်သည်။
Princessကတော့ မျက်နှာချင်းဆိုင်ကနေ ကျနော့်ကို မျက်စောင်းထိုးနေလေရဲ့။
ဘာတွေများ မကျေမနပ်ဖြစ်နေပြန်လဲမသိ။

နေမဝင်ချစ်ခြင်း/နေမဝင်ချစ်ခြင်း(Completed)Where stories live. Discover now