နေမဝင်ချစ်ခြင်း
🌻🌻🌻🌻🌻🌻🌻Part-6Princess ခြေကျင်းဝတ်မှ နီရဲရဲသံကြိုးရာများကြောင့် ကျနော်ကိုယ့်ကိုကိုယ်ဒေါသထွက်သွားရသည်။
ဖြူ နုနုခြေထောက်လေးတွေမှာ အမာရွတ်ကျန်သွားရင် ကျနော်ရင်ကျိုးရပေလိမ့်မည်။Princessခြေထောက်လေးကို အသာအုပ်ကိုင်ပြီး နီရဲနေသည့် နေရာကို အာငွေ့ပေးလိုက်သည်။
"ဘာလုပ်တာလဲ"
ပြောရင် Princessကခြေထောက်ကိုရုန်းသည်။
"မရုန်းနဲ့Princess အရမ်းနာသွားလိမ့်မယ်
အခုတောင် နီရဲပြီးနာနေတယ်မို့လား""အဲ့ဒါဘယ်သူ့ကြောင့်လဲ ရှင့်ကြောင့်ပဲ မဟုတ်ဘူးလား"
"ကိုယ်တောင်းပန်ပါတယ် ဒဏ်ရာကို ဆေးလိမ်းရအောင်"
"မလိမ်းဘူး ရှင်ပဲအဝတ်စားတွေကြည့်ဆို"
"အဲ့ဒါတွေပြီးမှကြည့်လဲရတယ်
ဆေးအရင်လိမ်းရအောင် Princessခြေထောက်လေးတွေ အမာရွတ်ထင်ရင် ကြည့်မကောင်းဘဲနေလိမ့်မယ်"ခါခါထိုလူကြီးကို မျက်စောင်းထိုးပစ်လိုက်သည်။
အဲ့လောက်တောင် စိုးရိမ်တက်နေရင် ဘာလို့လူကိုသံကြိုးချည်ခိုင်းလဲ။ထိုလူကြီးအပြင်ထွက်ပြီး ဆေးဗူးသွားယူတော့
ခါခါခုတင်ပေါ်ကဆင်းလိုက်သည်။"အ………"
"ဟင့်……နာနေပြီ……ကျွတ်……ကျွတ်"
ခုတင်ပေါ်ပြန်ထိုင်ပြီး ခြေထောက်ကို အုပ်ကိုင်ကာ မျက်နှာတစ်ခုလုံးလဲရှုံ့မဲ့နေမိသည်။
"Princess……
အရမ်းနာနေလား ကိုယ်ပြောသားပဲ နေရာမရွေ့ပါနဲ့ဆို""ဖယ် မထိနဲ့ ……ကိုယ့်သာဘာလုပ်မယ်"
"ကိုယ်လိမ်းပေးပါ့မယ်
သေချာနှိပ်ပြီးလိမ်းရမှာကို""မလိုဘူး ကျမလက်ပါတယ်"
"ကိုယ်ကရော Princessလက်မပါဘူးပြောလို့လား ဒဏ်ရာတော်တော်နဲ့မပျောက်မှာစိုးလို့ သေချာလိမ်းရမှာ"
"မလိုဘူးလို့ပြောနေတယ်လေ"
"ဘာလို့စွာနေတာလဲ……ဟမ်……
ဘာလို့အဲ့လောက်စွာတေးလန်နေရတာလဲ"
![](https://img.wattpad.com/cover/253007243-288-k227077.jpg)
YOU ARE READING
နေမဝင်ချစ်ခြင်း/နေမဝင်ချစ်ခြင်း(Completed)
Romanceနာကျင်ခြင်းတွေကချိုမြိန်တယ်ဆိုတာ နေမဝင်တဲ့ကိုယ့်ချစ်ခြင်းတွေ မင်းမြင်ပါစေ/နာကျင်ခြင်းတွေကချိုမြိန်တယ်ဆိုတာ နေမဝင်တဲ့ကိုယ့်ချစ်ခြင်းတွေ မင်းမြင်ပါစေ