Part 17

503 23 0
                                    

နေမဝင်ချစ်ခြင်း
  🌻🌻🌻🌻🌻🌻🌻Part-17

နားထဲကိုဝင်လာသော ဆူဆူညံညံအသံများကြောင့် မဖွင့်ချင်သော မျက်လုံးကိုအားယူဖွင့်လိုက်ရသည်။
ညကဟိုလူကြီးကို ဆေးလိမ်းပေးရင်း သူ့ရဲ့ချစ်စကားများအားနားထောင်နေရခြင်းကြောင့်
အိပ်ယာဝင်နောက်ကျခဲ့ရခြင်း။

"ဘာတွေအဲ့လောက်ဆူညံနေတာပါလိမ့်"

မျက်နှာသုတ်ပုဝါလေးပုခုံးပေါ်တင်ကာ
ခါခါအခန်းထဲကထွက်ခဲ့တော့ အခန်းဝမှာ ကိုကိုနှင့်တန်းဆုံသည်။

"Princessနိုးပြီလား
ကိုယ်ကအခုပဲလာနှိုးတော့မလို့"

"အပြင်ကအရမ်းဆူနေလို့ နိုးလာတာ
ဘာတွေလုပ်နေတာလဲ"

"သိချင်ရင် မျက်လုံးမှိတ်"

"စောစောစီးစီး ခလုတ်တိုက်လဲစေချင်နေတာလား"

"မျက်လုံးမှိတ်လိုက်ပါ ကိုယ်ချီခေါ်မှာပေါ့"

ခန္ဓာကိုယ်အိအိလေးကို ပွေ့ချီလိုက်သည်နှင့်
ကျနော့်ကို ပြူးကြည့်လာပြီးနောက် မျက်လုံးလေးတွေမှိတ်သွားသည်။

"ရပြီPrincess မျက်လုံးဖွင့်တော့"

ခါခါမျက်လုံးဖွင့်ကြည့်တော့ အိမ်ရှေ့တွင် မင်္ဂလာပွဲအတွက် ပြင်ဆင်နေသည့် ရွာထဲကလူတွေနှင့် ကိုကို့တပည့်တွေကို တွေ့လိုက်ရသည်။

"ဒါတွေက……"

"ကိုယ်နဲ့Princessမင်္ဂလာဆောင်ကြမယ်လေ
သတို့သမီးအိပ်ပုတ်လေး မျက်နှာသစ်ရအောင်
ခဏနေ အားလုံးအဆင်သင့်ဖြစ်တော့မှာ"

"ဟမ်……အဖေနဲ့အမေရော……"

"ယောက္ခမတွေက ပြင်ဆင်နေကြပြီ
Princessနဲ့ကိုယ်ပဲ ကျန်တော့တာ"

Princessမျက်နှာသစ်ပြီးသည်အထိ စောင့်နေလိုက်ပြီး နှစ်ယောက်အတူ အခန်းထဲပြန်ဝင်ခု့ကြသည်။
ကျနော့်ပုခုံးကိုချိတ်တွယ်လာသည့် လက်ကလေးတွေကြောင့် ကျနော်Princessကို စူးစိုက်ကြည့်လိုက်သည်။

"ကိုယ့်ကိုကျေးဇူးတင်ဖို့မလိုဘူးနော်Princess
ဒါက သေချာပေါက် ကိုယ်လုပ်ပေးရမဲ့ကိစ္စမို့လို့"

"အလေးအနက်ထားပြီး စဉ်းစားပေးလို့
ကျေးဇူးဆိုတာထက်ပိုပြီး ကျေးဇူးတင်ပါတယ်
ခါခါတကယ်မင်္ဂလာဆောင်ချင်ခဲ့တာ ကိုကို့ကို အလုပ်ရှုပ်စေမှာစိုးလို့ မပြောတာ"

နေမဝင်ချစ်ခြင်း/နေမဝင်ချစ်ခြင်း(Completed)Where stories live. Discover now