Part 11

587 29 1
                                    

နေမဝင်ချစ်ခြင်း
  🌻🌻🌻🌻🌻🌻🌻Part-11

"Princessရေ Princess……"

နေ့ခင်းဘက်တစ်ရေးတစ်မော အိပ်နေတုန်း
ခေါ်သံကြောင့် ခါခါ ငေါက်ခနဲ ထထိုင်မိလျှက်သား။
ဒီလူကြီးဟာလေ လူကိုအမြဲလန့်အောင်လုပ်တက်သည်။

မနက်ကတည်းက အလုပ်ကိစ္စရှိသည်ဟုဆိုကာ
အပြင်ထွက်သွားပြီး သူများအိပ်နေတဲ့အချိန်မှ
အသံကျယ်ကြီးအော်တာ မုန်းစရာတော့ကောင်းသည်။

"Princess"

အခန်းထဲဝင်လာသည့် သူ့အား ခုတင်ပေါ်ကနေ
မကြည်ကြည့် ကြည့်ပေးလိုက်သည်။
အလိုက်ကမ်းဆိုးမသိတဲ့လူ။

"Princess အိပ်နေတာလား"

အဖြေကိုမစောင့်ပါဘဲ လူကိုဦးစွာဆွဲဖက်တော့သည်။

"ဘယ်လိုဖြစ်နေတာလဲ
နည်းနည်းပါးပါးလဲ လွှတ်အုံး ဒီကသေတော့မယ်"

"ခဏလေးပါ Princessရယ်
ကိုယ်ခရီးသွားရမှာမို့ပါ"

ခရီးဆိုပါလား။ ဘယ်ကိုပါလိမ့်။
ဘယ်လောက်ကြမှာပါလိမ့်။

"သွားပေါ့ ရှင့်ဘယ်သူက ဘာပြောနေလို့လဲ"

"တစ်ပတ်လောက်ကြာမှာ
ကိုယ်Princessကိုလွမ်းနေရမှာမို့
ဝအောင်ဖက်ထားတာ"

"တစ်ပတ်လေးကိုများ လူကြားလို့မကောင်းအောင်ပြောမနေနဲ့ ရှင့်ဘာရှင်လွမ်းချင်လွမ်း
မလွမ်းချင်နေ ကျမကတော့ ရှင်မရှိလေကြိုက်လေပဲ"

"Princessကလဲကွာ……အသဲနှလုံးမရှိလိုက်တာ
ရပါတယ် Princessကမလွမ်းနဲ့ ကိုယ်ပဲလွမ်းပေးမယ် ကိုယ့်မိန်းမလေးက အိမ်မှာပဲ ကျန်းမာအောင်နေ ပျော်အောင်နေ လုပ်ချင်တာမှန်သမျှ စိတ်တိုင်းကျလုပ် တစ်ခုပဲ ကိုယ့်စီကနေ ထွက်ပြေးဖို့မကြိုးစားနဲ့ အဲ့ဒါဆိုရပြီ"

"ဟမ့်……ကျမထွက်ပြေးတော့ရော
ရှင်က အလွတ်ပေးမှာမို့လား"

"No!"

"အဲ့ဒါများ အပိုတွေပြောမနေနဲ့
ရှင့်စီကနေ ထွက်ပြေးဖို့ ကျမဘယ်တော့မှ
မကြိုးစားဘူး"

"ကျေးဇူးတင်ပါတယ် Princess"

"နေပါအုံး……ဖြေးဖြေးကျေးဇူးတင်လေ
ဘာတွေလောနေတာလဲ ထွက်ပြေးဖို့မကြိုးစားဘူး ရှင်ကိုယ်တိုင် စွန့်လွတ်ချင်လာအောင် လုပ်မှာ"

နေမဝင်ချစ်ခြင်း/နေမဝင်ချစ်ခြင်း(Completed)Where stories live. Discover now