နေမဝင်ချစ်ခြင်း
🌻🌻🌻🌻🌻🌻🌻Part-21ခါခါ့လက်ကိုဆွဲကာ Black Sunအိမ်တော်ကြီးမှ
လွယ်လင့်တကူပင်ထွက်လာနိုင်ခဲ့သည်။
ခြံပြင်တွင် အသင့်ရှိနေသောကားတစ်စီးကြောင့်
ထူးဆန်းသည်ဟုထင်မိသော်လည်း ပိုင်အချိန်ဆွဲမနေတော့ဘဲ ကားပေါ်သာတက်ခဲ့သည်။ခါခါ့ကို ခါးပတ်သေချာပတ်ပေးပြီး ထိုနေရာနှင့်ဝေးရာစီသာဦးတည်ခဲ့တော့သည်။
"Ti………Ti……,"
ဖုန်းမျက်နှာပြင်တွင်ပေါ်လာသည့် မက်ခ်ျဆေ့တစ်စောင်။
"ငါကူညီနိုင်တာကိုကူညီပေးလိုက်ပြီ
ပျော်ရွှင်ပါစေ"စာတိုတစ်ကြောင်းကိုဖတ်ယုံနှင့် ကားပို့လိုက်သောသူသည် မာယာပျို ဖြစ်မှန်း ပိုင်သိလိုက်သည်။
ကားမောင်းနေရင်း ခါခါ့ကိုငဲ့ကြည့်ရသည်ကလဲအခါခါ။
သူမကတော့ မျက်လုံးလေးတွေမှိတ်ကာ အေးဆေးစွာလိုက်ပါလာသည်။
မျက်ဝန်းတွေကိုဖုံးကွယ်ထားသော်လည်း သူမငိုကျွေးနေသည်ကို ပိုင်သိသည်။နှစ်နာရီနီးပါးကားမောင်းလာပြီးနောက်
လမ်းဘေးသစ်ပင်ရိပ်တစ်ခုတွင် ကားရပ်လိုက်သည်။"ခါခါ……ခါခါ……"
"အင်……ဟင်……ပိုင်……"
"အိပ်ပျော်နေတာလား sorry
ကိုယ်ကကားရပ်တုန်းမို့ အညောင်းပြေလမ်းလျှောက်လို့ရအောင် နှိုးလိုက်တာ""အင်း ရပါတယ်……"
သူမအနီးပတ်ဝန်းကျင်ကို လှည့်ကြည့်ပြီး~
"ဒါကဘယ်နေရာလဲဟင်"
"ဘယ်နေရာလဲတော့ ကိုယ်အတိအကျမသိဘူး
နယ်ဘက်တော့ရောက်နေပြီ ဘယ်နေပဲဖြစ်ဖြစ်
ခါခါ့ကို ဘယ်သူမှလိုက်မရှာနိုင်တဲ့နေရာစီ
သေချာပေါက်သွားရမယ်""အင်း……ပိုင် ခါခါရေသောက်ချင်လို့"
"ရေ……"
ထိုအခါမှ ကားပေါ်မှာ ဘာမှပါမလာသည်ကို
ပိုင်သိလိုက်ရသည်။"ခဏလေးနော် ကိုယ်အနီးအနားရှောက်ကြည့်လိုက်အုံးမယ်"
"ရတယ် ရေမပါရင်လဲ သွားမနေပါနဲ့
ခရီးကဘယ်အထိဆက်ရမှာလဲ သွားကြရအောင်"
YOU ARE READING
နေမဝင်ချစ်ခြင်း/နေမဝင်ချစ်ခြင်း(Completed)
Romanceနာကျင်ခြင်းတွေကချိုမြိန်တယ်ဆိုတာ နေမဝင်တဲ့ကိုယ့်ချစ်ခြင်းတွေ မင်းမြင်ပါစေ/နာကျင်ခြင်းတွေကချိုမြိန်တယ်ဆိုတာ နေမဝင်တဲ့ကိုယ့်ချစ်ခြင်းတွေ မင်းမြင်ပါစေ