Part 10

660 26 0
                                    

နေမဝင်ချစ်ခြင်း
  🌻🌻🌻🌻🌻🌻🌻Part-10

မျက်နှာမအီအသာနှင့်ခါခါခေါ်လိုက်လာရသော
မိုးထိအုပ်စိုးနိုင်အားကြည့်ကာ ကျေနပ်နေမိသည်။
သူ့ရဲ့အားနည်းချက်က ခါခါချွဲလိုက်တာနဲ့ မလွန်ဆန်နိုင်တော့တာပဲလေ။

ကိုကို တစ်ခွန်းခေါ်လိုက်တာနှင့် သူခေါင်းကဆံပင်ကိုလိုချင်တယ်ဆိုရင်တောင် ဖြုတ်ပေးမှာသေချာသည်။

"ကိုကို……"

"ဘာလဲ Princess"

"ဒီကိုလာပါဆို ဘာလို့နောက်မှာပဲကွယ်နေတာလဲ"

ခါခါ့နောက်ကို မရမကကွယ်ဖို့ကြိုးစားနေသည်မို့
သူ့လက်ကိုချိတ်ပစ်လိုက်သည်။

"ကိုကိုကကြောက်လို့လား
ဒါတွေက ကိုကိုပိုင်တာပဲကို ဘယ်သူ့ကိုကြောက်ရမှာလဲ"

"မကြောက်ပါဘူး ကိုယ်ကကြောက်တယ်ပြောမိလို့လား"

"အဲ့ဒါဆို နောက်ကမနေနဲ့လေ
ကိုကိုကရှေ့ကရပ်တည်ပေးမှ ခါခါက
ဘာမဆိုလုပ်လို့ရမှာလေ……
တွေ့လား ဒါငါ့ယောကျာ်းဆိုတာမျိုးပေါ့"

"ဟား……Princessရယ်"

ခါခါမျက်စချီကာ ဟန်ပါပါပြောတော့
သဘောတကျရယ်ကာ လူကိုသူ့ရင်ခွင်ထဲဆွဲသွင်းသည်။
ရုန်းချင်သော်လည်း သူ့ကိုစိတ်ရှုပ်အောင်လုပ်ချင်သေးသည်မို့ ငြိမ်နေလိုက်သည်။

"ကိုကို ဟိုအရုပ်မကို ဝတ်ပေးထားတဲ့အရောင်လေးမိုက်တယ်နော်"

"ဟင်……အင်း"

"ခါခါယူလိုက်ရမလား ကိုကိုသဘောကျလား"

"ဟမ် Princessသဘောကျရင် ယူလိုက်လေ"

"ဟင့်အင်း ကိုကိုသဘောကျမှယူမှာ
သွားပါ အနီးကပ်သွားပြီး သေချာကြည့်လိုက်"

"မဟုတ်သေးဘူးလေ Princessရဲ့
အဲ့ဒါတွေက ကိုယ်နဲ့မဆိုင်ဘူးလေ
Princessဘာသာရွေးလိုက်"

"ဟင့်…ကိုကိုက ဒါလေးတောင်မရွေးပေးချင်ဘူးလား အီး……ချစ်တယ်ဆိုပြီး လူကြားထဲမှာ ငြင်းတယ် အီး……"

ခါခါခြေစောင့်က တရှုံ့ရှုံ့လုပ်တော့
ထိုလူကြီး ပြာယာခတ်တော့သည်။
ဘေးနားက ဝန်ထမ်းတွေကလဲ ပြုံးစိစိ။
ခါခါကတော့ မသိချင်ယောင်ဆောင်ကာ ငိုဖို့ကြိုးစားနေဆဲ။

နေမဝင်ချစ်ခြင်း/နေမဝင်ချစ်ခြင်း(Completed)Where stories live. Discover now