Chapter-6(Unicode)

72.8K 6.5K 525
                                    


"လင်းထက်နောင် ဘာယူစရာရှိသေးလဲ"

ဦးဖြိုးစည်လင်းသူ၏အမေးကို လင်းထက် ခေါင်းခါပြလိုက်သည်။

"ဒါဆို သွားမယ်"

ခြေလှမ်းကျဲများနှင့်ထွက်သွားသော ထိုလူကြီးအနောက်သို့ လင်းထက် ခပ်သွက်သွက်ပြေးလိုက်ရသည်။

HIV postive ဖြစ်နေသော ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအား မင်္ဂလာဒုံဆေးရုံသို့ ပြန်လွှဲရန်အတွက် ဝန်ထမ်းအနေဖြင့် လင်းထက်နှင့် ဦးဖြိုးစည်လင်းသူတို့ လိုက်သွားရန်ဖြစ်သည်။

ကားနောက်ခန်းထဲသို့ မိခင်ကို အရင်တက်စေပြီးနောက် လင်းထက်တို့က အနောက်မှလိုက်တက်သည်။

မိခင်မှာ ရောဂါပိုးရှိသော်လည်း အစားအသောက်ဂရုစိုက်သဖြင့် ကိုယ်ခံအားကောင်းကာ သွက်သွက်လက်လက်ရှိသည်။ စိတ်ဓာတ်ကျနေဟန်မရှိသော်လည်း မျက်ဝန်းများတွင်တော့ လူ့လောကသို့ရောက်မလာသေးသော ရင်သွေးငယ်အတွက် စိုးရိမ်သည့်အငွေ့အသက်တချို့ လွမ်းခြုံနေသည်။

HIV/AIDS ဟူသော ရောဂါပိုးသည် ခန္ဓာကိုယ်၏ ကိုယ်ခံအားကို ထိခိုက်စေသောရောဂါပိုးဖြစ်သည်။ လူအများစုသည် HIV/AIDS ဟု ကြားရုံဖြင့် သေရာပါရောဂါကြီးတစ်ခုအဖြစ် ကြောက်ရွံ့ကြသည်။ လူဖြစ်ရှုံးပြီဟု မှတ်ယူကြသည်။ အမှန်တော့ HIV ပိုးရှိရုံဖြင့် လူဖြစ်မရှုံးနိုင်ပါ။ ညွှန်ကြားသောဆေးများကို ပုံမှန်သောက်လျှင် သာမာန်လူများကဲ့သို့ သက်တမ်းစေ့နေနိုင်ပါသည်။

ထို့ပြင် HIV ပိုးသည် အလွယ်တကူ ကူးစက်တတ်သော ရောဂါမျိုးလည်း မဟုတ်ပါ။ သာမာန် ဖက်လှဲတကင်းအတူနေရုံဖြင့် မကူးစက်နိုင်။ အဓိကအားဖြင့် ပိုးသည် ခန္ဓာကိုယ်အတွင်းရှိ အရည်များတွင်နေထိုင်ပြီး ထိုအရည်များနှင့် တိုက်ရိုက်ထိစပ်မှသာ ကူးစက်နိုင်လေသည်။ ကူးစက်မှုအများစုမှာ sexual contact မှတဆင့် ကူးစက်ခြင်း၊ ရောဂါပိုးရှိသောသူ၏သွေးကို သွင်းမိခြင်းနှင့် ရောဂါပိုးရှိသူနှင့် ဆေးထိုးအပ်များမျှသုံးခြင်းတို့မှ ကူးစက်နိုင်သည်။

လူတချို့သည် ထိုကဲ့သို့ အလွယ်တကူ မကူးစက်နိုင်မှန်းသိသော်လည်း HIV ဝေဒနါရှင်များနှင့် ဆုံလျှင်မူ မသိမသာရှောင်ဖယ်ဆက်ဆံလေ့ရှိကြသည်။ ဤသည်မှာလည်း အပြစ်မဆိုနိုင်သော လူတို့၏သဘာဝပင်ဖြစ်သည်။ HIV ပိုးရှိသွားလျှင် ထိုသူသည် ရောဂါဒဏ်ကိုသာမက ပတ်ဝန်းကျင်ဒဏ်ကိုပါခံရလေ့ရှိသည်။

သားဖွားခန်းက ရင်ခုန်သံ(သားဖြားခန္းက ရင္ခုန္သံ)(Complete)Where stories live. Discover now