After Marriage 2(Unicode)

46K 3.6K 588
                                    

သည်နေ့နောက်ဆုံး အပြီးဖတ်ရမည်ဟု ရာဇသံရထားသော စာအုပ်ကို ပျင်းပျင်းရိရိ ဖတ်အပြီး မျက်မှန်ကိုချွတ်၊ မျက်ဆံကို ဟိုသည်ဝေ့ဝဲကစားရင်း အညောင်းအညာဖြေလိုက်သည်။ နာရီကိုကြည့်တော့ ညဆယ့်တစ်နာရီမက်တင်း။ ညနေစာစားပြီးချိန် ခုနစ်နာရီကတည်းက သည်စာအုပ်ကို သူ ဖတ်လာလိုက်တာ။ ကြားထဲ အိိမ်သာသွား၊ ရေသောက်လောက်ပဲ အချိန်ယူခဲ့မိတာ။

သည်နေ့ည ဒါကိုပြီးအောင်ဖတ်ရမည်ဟု ထိုလူကြီးက ဆိုထားခဲ့သည့်အပြင် သည်စာအုပ်ပြီးမှ သူလုပ်ချင်သည့်အရာတစ်ခုကို ထိုလူကြီးထံမှ တောင်းဆိုစရာကလည်း ရှိနေသေးသည်မို့။

ဘေးရှိစားပွဲကို မသိမသာစောင်းငဲ့ကြည့်မိတော့ မျက်စိရှေ့မှ စာအုပ်ကို မျက်မှန်တစ်လက် ကြားခံနယ်ပြု၍ စိတ်ဝင်တစားဖတ်ရှုနေသူ၏ မျက်နှာတစ်စိတ်တစ်ပိုင်းကို တခုတ်တရ ငေးရှိုက်မိသည်။

ဟိုတလောကမှ ဆံပင်ညှပ်ထားတာကြောင့် ရှင်းရှင်းလင်းလင်းဖြစ်နေသော မျက်နှာထက် အမြဲနေရာယူနေကျ မျက်မှန်ငယ်ဟာ အလှပေါ် အယဥ်ဆင့်ခွင့်ရရှာသူလို ဝံ့ဝံ့ကြွားကြွား။

ရိပ်သင်ခံထားရသည့်အားလျှော်စွာ ခပ်စိမ်းစိမ်းဖြစ်နေသော နားသယ်စပ်တို့က အသည်းယားတတ်သူပီပီ အကြိမ်ကြိမ်အခါခါ တို့ထိဆော့ကစားခဲ့ပြီးပေမဲ့ ထပ်မံထိတွေ့ချင်​ေနသည့် အာသဟောတို့ကလည်း မကုန်နိုင်မခမ်းနိုင်။

သဘာဝအတိုင်း ထူထဲထဲမျက်ခုံးတစ်စုံကြားမှ နိမ့်ဆင်း သွယ်တန်းလာသော နှာတံမို့မို့ထက် သူ့စိတ်တို့ စင်္ကြန်လျှောက်မိချိန် တဖျတ်ဖျတ်ခတ်သော မျက်ခွံမို့မို့တို့ဟာ သူ့လိပ်ပြာတို့ ခိုနားရာ။

"လင်းထက်နောင်"

"ဗျာ...ဗျာ"

ပြင်ဆင်ချိန်တောင်မရရှိလိုက်ဘဲ ဆုံတွေ့လိုက်ရသော မျက်ဝန်းဆုံချက်တို့ကြောင့် ခပ်စိတ်စိတ်မျက်တောင်တို့ထက် ခိုနားနေသော သူ့စိတ်လိပ်ပြာလေးဟာ ပိုင်ရှင်ထံသို့ ကသိုက်ကရိုက်ပြန်ပြေးလာရရှာသည်။

"ကိုယ့်ကိုကြည့်နေနိုင်တဲ့အထိ အားနေရအောင် ဖတ်ခိုင်းထားတာ ဖတ်ပြီးသွားလို့လား"

သားဖွားခန်းက ရင်ခုန်သံ(သားဖြားခန္းက ရင္ခုန္သံ)(Complete)Where stories live. Discover now