After Falling In Love-1(Zawgyi)

9.2K 812 55
                                    


ဖုန်းမျက်နှာပြင်တစ်ဖက်မှ လှမ်းမြင်နေရသော ထိုလူကြီးက ရေချိုးပြီးခေါင်းပါလျှော်ထားဟန်ရှိသည်။ နှဖူးထက်အစင်းလိုက်ကျနေသော ဆံစများ၌ ရေစက်အချို့ ခိုသီးနေသည်။ ရှင်းသန့်သန့်မျက်နှာချောချောကလည်း ခါတိုင်းထက် ပို၍ ဝင်းဖန့်နေသလိုရှိသည်။

"ဆံပင်တွေခြောက်အောင်သုတ်ဦးလေ"

လင်းထက်ပြောလိုက်တော့ ခေါင်းညိတ်ပြကာ ပခုံးပေါ်တင်ထားသော တဘက်ငယ်ဖြင့် ဆံပင်များကို အနောက်မှနေ၍ ခပ်ဖွဖွသုတ်လေသည်။ ထို့နောက် စားပွဲ၌ဝင်ထိုင်ပြီး ဖုန်းကို အရှေ့၌ နှစ်ဦးနှစ်ဖက် မြင်သာအောင်ထောင်လိုက်သည်။

"ပြောပါဦး အသည်းအသန် Video Call ခေါ်ခိုင်းရတဲ့အကြောင်းအရင်း"

လေသံက သိမ်မွေ့ဟန်ရှိသော်လည်း ထိုလူကြီး၏မူပိုင် မျက်မှောက်ကတော့ မသိမသာကုတ်ထားသေးသည်။

"လွမ်းလို့ပေါ့ဗျ"

လင်းထက် ရွဲ့ကာ ရှုတည်တည်ပြောလိုက်တော့ ပြုံးမယောင်ဖြစ်သွားသောနှုတ်ခမ်းများ။ သို့သော် ထိုယောင်တောင်တောင်အဆင့်မှာပင် ရပ်တန့်ကာ အပြုံးတစ်ခုအဖြစ်တော့ ပီပီပြင်ပြင်ဖြစ်မလာ။ ဒီလူကြီးဟာလေ...။ ကိုယ့်ချစ်သူကို အပြုံးလေးတစ်ခု စွန့်ကြဲဖို့တောင် ကပ်စေးနှဲလွန်းလှသူဖြစ်သည်။

မတွေ့ရတာနှစ်ရက်သာရှိသေးသော်လည်း ထိုလူကြီးကို လင်းထက် တကယ်လွမ်းပါသည်။ နောက်ဆို Ward တစ်ခုထဲ အတူတူမရှိနိုင်တော့ဘူးဆိုသည့်အသိကြောင့် ပို၍လွမ်းရသည်။

လင်းထက်က အငယ်ဖြစ်ပြီး သတိတရ လွမ်းသလောက် ထိုလူကြီးကတော့ မထုံတက်တေးသာ...။ သို့သော် ဒီလိုလူမျိုးကိုမှ မိမိနှလုံးသားက ချစ်မိတော့လည်း ခက်သားပင်။

"မနက်ဖြန်အတွက် အသင့်ဖြစ်ပြီလား"

"ဟင် ဘာကိုလဲ"

ရုတ်တရတ်မေးလာသည်မို့ ဘာကိုဆိုလိုမှန်း နားမလည်။

"မနက်ဖြန် ဖျားနာဆောင်(၁) ကို ဆင်းရမှာမဟုတ်လား၊ လေ့လာစရာရှိတာတွေ လေ့လာပြီးပြီလားလို့မေးတာ"

"အာ...ဖျားနာဆောင်မှာက case တွေက အများကြီးကို၊ ကျွန်တော်က ဘာကိုသွားလေ့လာရမှာလဲဗျ"

သားဖွားခန်းက ရင်ခုန်သံ(သားဖြားခန္းက ရင္ခုန္သံ)(Complete)Where stories live. Discover now