Chapter-1(Zawgyi)

39K 1.1K 71
                                    


သားဖွားခန်းမှ ရင်ခုန်သံ
~~~~~~~~~~~~~~~~

"ညှစ်...ညှစ်...ညှစ်"

"အား...အမေရေ ကယ်ပါဦး...နာတယ် ဆရာရဲ့..."

"​အစ်မရေ...အစ်မက အားစိုက်ပြီးညှစ်လေ..."

"အား...မရဘူး...နာတယ်"

"အစ်မ ပေါင်ကြီးစိမထားနဲ့လေ...၊အဲ့လိုဆို ကလေးခေါင်းက ဘယ်လိုထွက်မှာတုန်း အစ်မရဲ့၊ ညှစ်ပါဆို...ကြာရင် ကလေးက ရေမွှာမွန်းတော့မယ်"

"ဒီမှာ ကလေးအမေရေ...ညှစ်လို့..."

မြောက်ဥက္ကလာပ ဆေးရုံကြီး၊ OG Ward(သားဖွားဆောင်)၏ Labour Room(သားဖွားခန်း)ထဲတွင် ထုံးစံအတိုင်း ကလေးအမေ၏ အသံ၊ မွေးပေးသည့် ဆရာဝန်များ၏ အသံ၊ သူနာပြုဆရာမများ၏ အသံတို့ဖြင့် အုတ်အော်သောင်းနင်းဆူညံနေပြန်သည်။ ပို၍ ဆူညံရသည့်အကြောင်းအရင်းက ယခုကလေးမွေးပေးနေသည့် ဆရာဝန်မှာ သားဖွားဆောင်၏ နာမည်ကြီး ASဒေါက်တာ ဦးဖြိုးစည်လင်းသူ ဖြစ်နေသောကြောင့်ပင်။

ယခုမှ သားဖွားဆောင်သို့ ရောက်ရှိတာဝန်ချခံရသော လင်းထက်နောင်၊ ဝေနှင်းသွယ် နှင့် ကောင်းကင်ယံတို့ House Surgeon(အလုပ်သင်ဆရာဝန်)လေး သုံးဦးမှာ လက်ကလေးများရှေ့ချ၍ ဘာလုပ်ရမလဲမသိ ချောင်၌ ကပ်နေကြသည်။

"ဟေ့...ဟိုဟောက်ဆာဂျင် အသစ်သုံးယောက်၊ မင်းတို့က ဒီမှာလာမကြည့်ဘဲ အဲ့ချောင်မှာ ဘာကပ်လုပ်နေကြတာလဲ"

ဟိန်းကနဲ့ဆို သူတို့ဆီဦးတည်လာသော အော်ဟစ်သံကြောင့် သုံးယောက်လုံးတုန်ကနဲ့ ဖြစ်သွားကြ၏။ လင်းထက်နောင်၏ နားထဲတွင် ဒီwardသို့ မပြောင်းခင် မိမိသူငယ်ချင်းမှာလိုက်သော စကားသံတို့က ရစ်ဝဲသွားသည်။

"လင်းထက်ရေ၊ နင်တို့ အခုသွားရမဲ့ OG Wardက ASဆရာ ဦးဖြိုးစည်လင်းသူကလေ အရမ်း အပေါက်ဆိုးတာ၊ နင်သာ သူနဲ့ Teamတစ်ခုတည်းကျရင် ကိုယ့်အခေါင်းကိုယ်သာပြင်ထားလိုက်တော့"

သူမှာသည့်အတိုင်း ကံဆိုးလွန်းစွာ Team တစ်ခုထဲကျခဲ့ပါသည်။ဝေနှင်းသွယ်က လင်းထက် လက်မောင်းကို ဆုပ်ကိုင်ပြီး

"ငါကြောက်တယ် လင်းထက်"ဟု အားတက်သရောပြောရှာ၏။

"ငါလည်းကြောက်တယ် ဝေဝေ" ဟု ပြန်ပြောရင်း ကောင်းကင်ယံကို အကဲခတ်လိုက်တော့ မျက်နှာမှာ သွေးရှိသေးရဲ့လားတောင် သံသယဖြစ်စရာ။ ဘာလို့ ဒီအကြောက်လွန် စကွက်ကမှ ဦးဖြိုးစည်လင်းသူနဲ့ အတူကျဖို့ဖြစ်လာခဲ့သနည်း။ မနက်က ရောက်စတုန်းက ဦးဖြိုးစည်လင်းသူက ဘယ်သူလဲဟု မသိမသာ စပ်စုမိချိန် ဒီလူကြီးပါဟုဆိုတော့ ဒီလောက်ချောသည့်လူက အပေါက်ဆိုးစရာလားဟု အချင်းချင်းရီမောအတင်းတုတ်ခဲ့ကြသေး၏။ မိမိတို့ကိုတောင် ပြုံးပြနှုတ်ဆက်သွားသည်မို့ အရင်လူတွေမှာသည့် စကားကို လုံးဝကို မေ့ပစ်ခဲ့သည်။

သားဖွားခန်းက ရင်ခုန်သံ(သားဖြားခန္းက ရင္ခုန္သံ)(Complete)Where stories live. Discover now