After Falling In Love-14(Unicode)

56.5K 4.7K 1.2K
                                    

"လင်းထက်လေး နည်းနည်းပိန်သွားသလိုပဲနော်"

စားပွဲပေါ်ရှိမုန့်များကို စားလိုစိတ်မရှိဘဲ တို့ကန်းစိတ်ကနန်းလုပ်နေမိစဥ် အစ်မမေသဇင်၏အပြောကြောင့် လင်းထက် မချိသွားဖြဲပြုံးလိုက်မိသည်။

"ဟုတ်လား၊ ကျွန်တော် diet လုပ်နေလို့ နေမယ် အစ်မရ အဟီး"

နဂိုကမှ ကိုယ်ရည်ခပ်စစ်စစ်သူက diet လုပ်သည်ဆိုသည်မှာ မဆီလျှော်လှသော အကြောင်းပြချက်ဖြစ်သော်လည်း မည်သူကမှ ​လှောင်ပြောင်စကားနာမထိုးလာကြ။

ထိုအစား မသိမသာသက်ပြင်းကိုသာ ကိုယ်စီချကြသည်။ ယခုလက်တလော လင်းထက်တို့ရင်ဆိုင်နေရသည့်ပြဿနာကို သူတို့လည်းမသိသည်မှမဟုတ်တာ။

လင်းထက် ယခုရက်ပိုင်းဆေးရုံနှင့်အိမ်မှလွဲ၍ အပြင်သိပ်မထွက်ဖြစ်။ မေမေနှင့်သိပ်မကြေလည်တာမို့ အစ်ကို့ဆီတောင် မရောက်ဖြစ်ရပါ။ ထိုင်းသွားရန်ကိစ္စကို တကယ်ကြီးစီစဥ်နေသည့်မေမေ့ကြောင့် အပြန်အလှန်ကတောက်ကဆဖြစ်ရရင်း နောက်ဆုံး မျက်ရည်နှင့်မျက်ခွက် တပ်ဆုတ်ရသူက လင်းထက်သာလျှင်။

စိတ်ဖိစီးမှု၏ဒဏ်အဖြစ် အစားမဝင်တော့သည့်အခါ အကျိုးဆက်က နှစ်ပတ်ကျော်အတွင်း သိသာစွာကိုယ်ရည်စစ်ကျသွားခြင်းပင်။

ယနေ့လည်း မတွေ့တာကြာပြီဖြစ်သော အစ်မမေသဇင်က သူ့၏မွေးနေ့ဖိတ်လာခြင်းကြောင့်သာ ထွက်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ကောင်းကောင်းတို့ဝေဝေတို့နှင့်ပါ မတွေ့ဖြစ်သည်မှာ ကြာပြီမို့။ ယနေ့ အစ်မမေသဇင်၏မွေးနေ့တွင်တော့ အားလုံး လူစုံနေကြသည်။

လင်းထက် ခပ်လှမ်းလှမ်းတွင် စီနီယာအစ်မနှင့် စကားပြောနေသော အစ်ကို့ကို လှမ်းငေးကြည့်မိရင်း

"အာ ဒါနဲ့ နောက်ရက်ထဲ မမတို့လင်မယားတောင် လာဦးမယ်တဲ့ အစ်မမေသဇင်၊ အဲကျရင် အိမ်လာခဲ့ကြဦးနော်"

"လင်းက ဘာလာလုပ်မှာလဲ"

"မေမေလေ၊ ကျွန်တော်နေကောင်းပါတယ်ဆိုတာကို စိုးရိမ်လို့တဲ့၊ မမကို ပြန်ခေါ်နေတာ၊ နောက်ပြီး..."

လင်းထက်၏ အသံက တစ်ချက် တိမ်ဝင်သွားသည်။

"ကျွန်တော့်ကို ထိုင်းပို့ဖို့ ကိစ္စအတွက်ရောလေ"

သားဖွားခန်းက ရင်ခုန်သံ(သားဖြားခန္းက ရင္ခုန္သံ)(Complete)Where stories live. Discover now