ကျေးဇူးတင်လွှာ&Book

11K 987 96
                                    

(Unicode)

အားလုံးပဲ မင်္ဂလာပါရှင့်။

ဒုတိယတစ်ကြိမ်ပြန်ပြီး နှုတ်ဆက်ရမဲ့အချိန်ကို ရောက်လာပြန်ပါပြီ။ The End လို့ဆိုခဲ့ပေမဲ့ တကယ့်ကမ္ဘာမှာတော့ ရပ်တန့်မသွားမဲ့ ချစ်ခြင်းမေတ္တာတွေမှန်း အားလုံးသိကြမှာပါ။

ပူဆာသမျှကိုလည်း ဖြည့်ဆည်းပေးဖို့အတွေးရှိတာမို့ အခုတော့ ဒီလောက်နဲ့ခဏကျေနပ်ကြဦးနော်။

အများကြီးကျေးဇူးတင်ပြီး အများကြီးလည်းချစ်ရပါတယ်။ ဒီကာလတွေမှာ ဒီလူတွေကြောင့် အများကြီးစိတ်သက်သာခဲ့ရတာမို့။ Vote လေးတွေ၊ Comment လေးတွေ၊ Reading List လေးတွေ၊ Review လေးတွေ၊ Video ေလးတွေ...အို...အားလုံးက ကိုယ့်အတွက် တကယ်ကို အများကြီး တန်ဖိုးကြီးလွန်းပါတယ်။ ေနာက်ပြီး Audio Book လေးဖတ်ပေးခဲ့တဲ့ မဖီ Fi_Lay ကိုလည်းအများကြီး ကျေးဇူးတင်ပါတယ်။

ဒီသားဖွားခန်းလေးနဲ့ပတ်သတ်ပြီး သူငယ်ချင်းအသစ်တွေလည်း ရခဲ့တယ်။ နွေးထွေးတဲ့မေတ္တာတွေလည်းရခဲ့တယ်။ တကယ် အများကြီးပြုံးမိခဲ့ရတယ်။

တကယ်ကို အရမ်းကျေးဇူးတင်ပါတယ်။ တစ်ယောက်ချင်းစီ အမည်နှင့်တကွ ကျေးဇူးတင်ချင်ပေမဲ့ နမော်နမဲ့ကိုယ်နဲ့ တစ်ယောက်တလေတောင် ကျန်ခဲ့တာမျိုးမဖြစ်စေချင်လို့ အားလုံးကို ကျေးဇူးတင်တယ်လို့ပဲ တလေးတနက် ခြုံငုံပြောပါရစေ။

ချစ်ခြင်းမေတ္တာတိုင်းကို ဝမ်းပန်းတသာလက်ခံတာမို့ လူပျိုကြီးတို့နဲ့ပတ်သတ်တဲ့ခံစားချက်တိုင်းကိုလည်း silent မလုပ်ဘဲ ဖွင့်ဟပြလို့ရပါတယ်နော်။ ဆာကူရာရိန်းက ကွန်မန့်ဖတ်ရတာ အသေပျော်တာပါ။ သိပ်မအားလို့ နောက်ပိုင်းစာတိုင်းကို မပြန်နိုင်တော့ပေမဲ့ အကုန်ဖတ်ပါတယ်နော်။

တစ်ယောက်နဲ့တစ်ယောက် သတင်းဆောင်လို့ ညွှန်းပေးတာလေးတွေကိုလည်း အများကြီးကျေးဇူးတင်ပါတယ်။ ဘယ်အရာပဲဖြစ်ဖြစ် ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ တစ်ဆင့်စကားတစ်ဆင့်နားနဲ့ပဲ သွားရတာမဟုတ်လား။ ဒါကြောင့် လူပျိုကြီးတို့ရဲ့ Review တိုင်းကို ကိုယ် ဝမ်းပန်းတသာ လက်ခံပါတယ်💙။

သားဖွားခန်းက ရင်ခုန်သံ(သားဖြားခန္းက ရင္ခုန္သံ)(Complete)Where stories live. Discover now